ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ(အပိုင်း-၂)

260 24 0
                                    


တကယ်တော့ Baekကို Kim kaiသဘောကျနေတယ်ဆိုတာ ကျွန်တော်ကကောင်းကောင်းကြီးသိပေမယ့် Baek
မသိဘူး...။သိခွင့်လည်းမပေးနိုင်ဘူး Baekကကျွန်တော့်အပိုင်...။

....

Xiu: baekရေ...သမီးဒီကိုခနလာခဲ့ဦး

ထမင်းစားခန်းထဲကနေ ommaခေါ်သံကြားတော့ ခိုင်းစရာတစ်ခုခုရှိနေပြီဆိုတာကိုသိနေတာမလို...အပေါ်ထပ်ကနေအောက်ထပ်ကို အပြေးအလွှားဆင်းလာခဲ့မိတယ်....။

Baek: nae ommaဘာခိုင်းမလိုလဲ???

Xiu: အန်တီxingနေမကောင်းဘူးတဲ့ ရော့..ဒီဆန်ပြုတ်လေးသွားပို့ပေးစမ်းပါ...

အန်တီxingနေမကောင်းဖြစ်နေတာကျွန်မ မသိဘူး...
မသိဆိုဒီနေ့ကကျောင်းပိတ်ရက်မလို့ အဲ့ဘက်အိမ်ကို
ကျွန်မ မရောက်သေးဘူးလေ...။မြန်မြန်သွားမှဘဲ ဦးလေးsuhoကလည်း ခရီးထွက်သွားတယ် yeolကလည်း
ဘယမှလုပ်တတ်မှမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ အမြန်ထွက်လာခဲ့လိုက်တော့သည်...။

Baek: yeol...yeol...yeolရေ...

Yeol: ဘာဖြစ်နေတာလဲဟာ အိမ်ရှေ့မှာ အော်ဟစ်နေတာ ဝင်လာခဲ့တာမဟုတ်ဘူး....။

Yeolကိုကျွနိမမြင်တော့ အံသြမိသည် ဘောင်းဘီအတိုနဲ့တီရှပ်အင်္ကျီကိုတွဲဖက်ဝတ်တင်ထားပြီး ယောက်မကြီး
ကိုကိုင်ထွက်လာခဲ့တော့...။

Baek: ဟဲ့ နင့်ပုံကဘယ်လိုဖြစ်ရတာတုန်း...?

Yeol: ommaကနေမကောင်းဘူးလေ ထမင်းချက်အဒေါ်
ကြီးကလည်း သူ့အိမ်မှာ ကိစ္စရှိတယ်ဆိုပြီးပြန်သွားလို့...

Baek: aww...yeolရယ် ဒါဆိုနင်မနက်စာ မစားရသေးဘူးပေါ့...အိမ်မှာလာစားတာမဟုတ်ဘူး...

Yeol: ommaတစ်ယောက်ထဲမလို့ငါထွက်မလာတာပါ...

Baek: နေဦးအန်တီxingကိုငါဆန်ပြုတ် တိုက်ပြီးရင်
မနက်စာချက်ကျွေးမယ် ခနစောင့်...

ကျွန်မလည်း မေမေထည့်ပေးလိုက်တဲ့ ဆန်ပြုတ်ကို
ပန်းကန်ထဲလှယ်ထည့်ကာ အန်တီxingအခန်းထဲကို
ဝင်လာခဲ့သည်....။

Baek: အန်တီxing သမီးဝင်ခဲ့မယ်နော်...

Xing: အေးသမီးလေး ဝင်ခဲ့...

Baek: ommaက အန်တီxingအတွက် ဆန်ပြုတ်လာပို့ခိုင်းလို့ပါ....သက်သာလားအန်တီxing

ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ...Where stories live. Discover now