ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ(အပိုင်း-၄)

204 24 4
                                    

စကားပြောကောင်းပြီး ဖော်ရွေတဲ့Kaiကို ommaကလည်းသဘောကျနေမိတယ်လေ...။

Kai: ဘယ်သွားကြမလဲ?

နှစ်ယောက်ထဲDateမယ်ဆိုတော့ ဘယ်သွားချင်လဲတဲ့
လေ...။သူ့ရဲ့အကျင့်စရိုက်က yeolနဲ့ကွာခြားလွန်းတယ်
yeolဆိုရင် သူသွားချင်တဲ့နေရာကိုသာ ဦးစားပေးရွေးချယ်တတ်ပြီး ကျွန်မဆန္ဒကို အမြဲလျစ်လျှူ ရှုလေ့ရှိတယ်...။

Kai: baekဘာတွေတွေးနေတာလဲ???ဘယ်သွားချင်
လဲလို့???

Baek: arr kai သဘောပါ...baekက kaiပြောစရာရှိတယ်ဆိုလို့ လိုက်လာခဲ့တာပါ...။

Kai: okလေ ဒါဆိုကိုယ် အရသာရှိတာလိုက်ကျွေးရင်း
နဲ့ပြောကြတာပေါ့...။

သုံးနှုန်းလိုက်တဲ့အသုံးနှုန်းက ကိုယ်တဲ့လား?အရမ်းကို
ကြင်နာတတ်တဲ့ယောကျာ်းလေးမျိုးပါ...။မိန်းခလေးတစ်ယောက်အပေါ်မှာလည်း ဂရုစိုက်ပေးလေ့ရှိတယ်...။အခု
လည်းသူရွေးချယ်တဲ့ စားသောက်ဆိုင်က အေးဆေးတဲ့
ဆိုင်လေးတစ်ဆိုင်ပေါ့...။ကျွန်မဘဝမှာ ပုံစံမတူတဲ့
ယောကျာ်းလေးနှစ်ယောက်ကို ပတ်သတ်မိတာပါဘဲ...။

Kai: baekစားနော်....လိုတာရှိလည်း ထပ်မှာကိုယ်ရှင်း
မယ်....။

Baek: kaiကဘာလို့ baekကိုဒီနေ့ ဒါမျိုးတွေလိုက်ကျွေးနေတာလဲ???

Kai: စကားကနောက်မှပြောလည်းအဆင်ပြေတာမလို့
Baekအရသာရှိတာတွေရွေးပြီးသာ များများစားပါ...
အစားစားတဲ့အချိန်မှာ အစားကိုသာ အလေးထားမှ
ကျန်းမာရေးမထိခိုက်မှာ...

ကျွန်မလည်း သူပြောသမျှကိုဘာမှပြန်မပြောတော့ဘဲ
နားထောင်ကာ အစားစားဖို့သာ အာရုံစိုက်လိုက်သည်
စားနေရင်းနဲ့ အသားကိုကင်ကာ ပန်းကန်ထဲထည့်ပေးပြန်တော့ ရုတ်တရက်ဆိုသလိုတွေးမိလိုက်တာက...
Kim Kaiလိုလူမျိုးကိုသာရွေးချယ်လိုက်တဲ့ မိန်းခလေးဟာ
ဘဝမှာ ဘယ်တော့မှနောင်တရလာစရာအကြောင်းမရှိ
ဘူးရယ်လို့သာပေါ့...။

စားသောက်ပြီးတော့ ပြောစရာရှိတာပြောလို့ဆိုပြန်တော့
Baekကိုဒီနေ့ခေါ်လာခဲ့တာပြောစရာရှိတယ်ဆိုတာထက်
ခေါ်သွားချင်တဲ့နေရာရှိတာပါတဲ့လေ...။

Kai: အင်း...တကယ်တော့ ဒီနေ့Baekကို ခေါ်သွားချင်တဲ့
နေရာရှိတာပါ...

ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ...Where stories live. Discover now