ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ(အပိုင်း-၆)

188 24 6
                                    

အိမ်ပြန်မယ်ပြောပြီး ခေါ်လာတာအိမ်မဟုတ် အရင်က
သူနဲ့စာသွားသွားဖတ်လေ့ရှိတယ် စာကြည့်တိုက်လေး
သို့ မျက်နှာချင်းဆိုင်ထားကာ ကော်ဖီတစ်ယောက်တစ်
ခွက်နဲ့....

Baek: ဘာပြောမလို့လဲ???

Yeol: Kaiနဲ့မပြန်စေချင်လို့ခေါ်လာတာ

.....

Yeol: ပြောပါဦးမနေ့က ဘယ်သွားတာလဲ??

Baek: မဟုတ်မှ....

Yeol: ဟုတ်တယ်မနေ့က နင်တို့နောက်ကိုတောက်
လျှောက်လိုက်ချောင်းနေတာ....

အော်...လိုက်ချောင်းနေတာတဲ့...ရယ်ဖို့တော့ကောင်း
သားအပစ်လုပ်ထားတဲ့ခလေးကို အမေကအတင်းဝန်ခံ
ခိုင်းလို့ နှုတ်ခမ်းလေးထော်ပြီးပြန်ပြောနေတဲ့ပုံစံမျိုးနဲ့ ရင်ထဲကတိတ်တခိုးလေး...။ဘာရယ်မှန်းမသိပေမယ့် စိတ်ထဲမှာတော့ကျေနပ်နေမိတယ်...ဘာဖြစ်ဖြစ်ဒါဟာကိုယ့်ကိုသူစိတ်ပူနေလို့လိုက်ချောင်းနေတာဘဲမလား???အဲ့လိုဘဲကျွန်မကတော့ မှတ်ချက်ပေးမိတယ်...။

Baek: နေပါဦးဒါကဘာလဲ???

မနေ့က ommaကိုသူပေးခိုင်းလိုက်တဲ့ ဗူးလေးကိုထုတ်
ပြလေတော့...

Yeol: လက်ဆောင်လေ

Baek: လက်ဆောင်???ဘာအတွက်လဲ?

ကျွန်မအမေးကိုပြန်မဖြေ ထိုင်ရာကနေထလာပြီး
ဗူးထဲကဆွဲကြိုးလေးကိုထုတ်ပြီး သူကိုယ်တိုင်လာဆွဲ
ပေးနေတယ်...သူ့ရဲ့လုပ်ရပ်တွေကို အံ့သြစွာကြည့်နေပေမယ့်သူကတော့အေးဆေးစွာပင် ခနကြာတော့အိတ်ထဲ
ကဘော့ပင်လေးတစ်ချောင်းကိုသူထုတ်လိုက်တာ...။

Baek: ဒါငယ်ငယ်က ငါတို့အသံဖမ်းဘော့ပင်လေးမလား?

အမေးကိုပြန်မဖြေဘဲ ဘော့ပင်ခလုတ်လေးကိုသူနှိပ်
လိုက်တော့....
''ဟဲရို ဟဲရိုbaekတို့koreaကိုပြောင်းရာတာ
ဆယ့်ခြောက်နှစ်ပြည့်တဲ့နေ့ကျရင် ပျော်ချရာတွေ ဖန်တီး
ပေးမယ်နော်...

တကယ်ရား???

''ရာဆိုခဲ...ငါတို့အသက်ကြီးရင် မုန့်ဖိုးတွေ
အများကြီးရမှာလေ ငါ့မုန့်ဖိုးနဲ့အဲ့ကျရင်လက်ဆောင်ဝယ်ပေးမယ်''

သူ့လုပ်ရပ်တွေကြည့်ပြီး အံ့သြရပြန်သည်...။သူကတကယ်ဘဲဒီနေ့လေးကို အမှတ်ရှိပေးနေတာလား...။ဒါဆို
ကျွန်မရဲ့ တစ်ဖက်သတ်အတွေးကမှားသွားပြီးပေါ့...။
ကိုယ့်ကို ဂရုမစိုက်ဘူးထင်ခဲ့တာ...။အချိန်အကြာကြီး
ပေါင်းသင်းလာတဲ့သူငယ်ချင်းကို ဒီနေ့မှသေချာသိလိုက်
တာကတော့Park Chanyeolဟာ မထင်ရင်မထင်သလို
romaticလေးတွေဖန်တီးတတ်တာကိုပေါ့...။ဒီတစ်ခါ
တော့Baekအားနာမိတယ်...။

ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ...Where stories live. Discover now