အပိုင်း(၃)(Unicode)
Comenzar desde el principio
တည်တံ့သစ္စာမှာလည်း အိုးတိုးအမ်းတမ်းဖြစ်နေပြီးသည့်နောက် ရည်မွန့်အခြေအနေကို သဘောပေါက်၍... သက်သက်သာသာနေရန် ပြောလိုက်သော်လည်း သူမ၏အမူအရာမှာ မပြောင်းမလဲဘဲ ရှိနေသေးတာကြောင့် သိလိုသော လူပုဂ္ဂိုလ်၏ သတင်းအချက်အလက် အကြောင်းကိုသာ မေးမြန်းလိုက်သည်။
"အစောပိုင်းတုန်းက ညီမဆီလာသွားတဲ့
ဆံပင်ရှည်နဲ့ကောင်လေး အကြောင်းမေးချင်လို့ပါ..."
"အော်...သူက
ကျွန်မတို့စီးတဲ့ ဖယ်ရီကားမောင်းတဲ့ ဒရိုင်ဘာပါ...
ဘာဖြစ်လို့လဲ မသိဘူး ရှေ့နေကြီး..."
တည်တံ့သစ္စာသည် ရည်မွန့်စကားကြားလိုက်ရသောအခါ အံ့သြမိသွားသလို တစ်ချိန်တည်းမှာပင် ခပ်ဟဟရယ်၍
"ရှေ့နေကြီးတဲ့လား...ကိုတည်တံ့လို့ခေါ်ရင် ရပါပြီဗျ...ဘာမှမဖြစ်ပါဘူး...ကျွန်တော် သူ့အကြောင်းနည်းနည်းသိချင်လို့...
ညီမ ပြောပြလို့ရမလား..."
ရုတ်တရက်ကြီး ဒရိုင်ဘာတစ်ယောက်၏အကြောင်း လာမေးနေသောအခါ ရည်မွန်လည်း ဖြေရခက်နေသည်။ တည်တံ့သစ္စာလာမေးကာမှ နန္ဒသွေးနှင့်ပတ်သတ်ပြီး သူမသည်လည်း နာမည်တစ်ခုသာသိကြောင်း ပြောပြလိုက်သည်။ အသွားနှင့်အပြန်သာ ကားပေါ်တွင်တွေ့ရသည်မို့ ကိုယ်ရေးကိုယ်တာ အကြောင်းများနှင့်ပတ်သတ်ပြီး စကားမစမိတာကြောင့်လည်း ပါသည်။ ရည်မွန်မှာ နန္ဒသွေးပုံစံကို သဘောကျမိသလို ရှိသော်လည်း အမှန်တကယ်တွင်တော့ နန္ဒသွေးနှင့်ပတ်သတ်ပြီး ဘာဆိုဘာမှမသိပါချေ...။
"ဟိုလေ ကိုတည်တံ့...
သူ့ရဲ့လျှောက်လွှာformကို HRဌာနမှာ ကျွန်မသွားယူပေးရမလား..."
"ဟုတ်တာပဲ...ညီမပြောမှ ကျွန်တော်သတိရတယ်...
အဲ့တာဆို ကူညီပေးပါဦး...ဖောင်ကို CEOရုံးခန်းထဲ လာပေးလိုက်နော်...ကျွန်တော်စောင့်နေမယ်..."
ရည်မွန်က ခေါင်းညိတ်ပြုံးပြ၍ တည်တံ့သစ္စာရှေ့မှ ထွက်သွားလေသည်။ ခပ်ဝေးဝေး၌ စောင့်ကြည့်နေသော နေဝေသော်ဆီ တည်တံ့သစ္စာပြန်ရောက်လာတော့ နေဝေသော်က ခပ်ပြုံးပြုံးမျက်နှာနှင့် နံရံကိုမှီရင်း လက်ပိုက်ရပ်နေသည်။