သန်းခေါင်ကျော်လို့မှမလာရင် တစ်သက်လုံး
မခေါ်တော့ဘူးလန်ဝမ့်ကျီး။

"ဝေ့ရင်း...ငါတကယ်မွန်းကျပ်နေပြီ။
ငါ....ဒီလိုမျိုး ရွေးချယ်ရခက်တဲ့
ဘ၀နဲ့မနေချင်ဘူး။မင်းသိလား...
ငါအခု ၀မ်ရိပေါ်ကိုလွမ်းနေပြန်ပြီ။
တစ်ခါတစ်လေ မင်းရဲ့လန်ဝမ့်ကျီး
အပေါ်စိတ်ယိုင်ချင်တယ်။
ငါ....ဒီဘက်လောကကို မလာသင့်ဘဲ
လာခဲ့လို့များ..."

ပါးပြင်ပေါ်မျက်ရည်တစ်စက်ခုန်ပေါက်
ဆင်းသွားသည်။သူတကယ်မပျော်တော့ဘူး။

"ကိုယ်လုပ်တော်ဝေ့....ဒီမှာ
အရှင်က ဆေးကျိုပို့လိုက်ပါတယ်"

ညသန်းခေါင်ကြီးကျမှ ဆေးကျိုပို့တဲ့
ဝမ့်ကျီးက ထူးဆန်းလွန်းနေသည်။
သူ့အကြောင်းမေးမယ်လုပ်တော့
စောစောက အစေခံက
ပျောက်ချင်းမလှ။

ဆေးရည်ခါးခါးကြီးကို မောလိုက်တဲ့
တစ်ခဏ သူ့တစ်ကိုယ်လုံး
ထုံထိုင်းလာခဲ့သည်။

တစ်ခုခုမှားနေပြီဆိုတာသိတာနဲ့
ရေအိမ်သွားပြီး လက်ထိုးအန်နေလိုက်တော့

"မင်းအန်နေတဲ့ ဆေးတွေက
ဘယ်လောက်တန်ဖိုးရှိတယ်ထင်လဲ.."

"မ...မယ်တော်.."

"Hk....အရင်ကထက်တော့
ဉာဏ်ကောင်းလာတာပဲ။"

ရှောင်ကျန့် နောက်လှည့်ကာ
ထိုးအန်ဖို့ပြင်လိုက်တော့
မယ်ယ်က သူ့ပါးစပ်ကိုလာတဲ့
လာအုပ်ကာ

"မြိုချစမ်း....အန်လို့မရဘူး။မြိုချလိုက်။
ပြီးရင် မင်းခမည်းတော်နောက်
လိုက်သွားတော့။"

"အ....အားးးး"

အန်ထုတ်လို့မရတဲ့အခြေနေနဲ့
အတင်းအကျပ်လုပ်ရပ်တွေကြား
ရှောင်ကျန့်အသက်ရူရကျပ်လာခဲ့သည်။

မျက်လုံးတွေက အရာရာရီဝေစွာ။

"Hk....ဖြေဆေးမရှိဘူး။
ရှောင်ယန်းက လိုတာထပ်ပိုသောက်မိရင်
အဆိပ်ဖြစ်တယ်လေ။"

ရှောင်ကျန့် တွားသွားရုံသာ
လှမ်းနိုင်ပြီး နောက်ဆုံးလုံးဝ
လဲကျသွားတော့မှ မယ်တော်က
ခြောက်ကပ်စွာရယ်ရင်း ထွက်သွားခဲ့သည်။

သူမထွက်သွားတာသေချာတာနှင့်
ဘေးနားက မီးခွက်ကိုခပ်ဝေးဝေး
ပစ်လွှတ်လိုက်သည်။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now