Ep-19

7.9K 802 41
                                    

JM- "ရတယ်...လိုက်မပို့နဲ့တော့
Busစီးပြီးပဲသွားလိုက်မယ်"

JK- "Omm pr...အာ့ဆိုလည်းဂရုစိုက်သွားနော်"

Jiminလည်း Jungkookကိုနှုတ်ဆက်ပြီး ထွက်လာလိုက်တယ် ခုချိန်သူ့စိတ်တွေတကယ်မွန်းကြပ်နေတာ Taeminကဘာလို့အာ့လိုလုပ်လဲ သူတကယ်နားမလည်ဘူး စာဆက်သင်ရင်လည်း သူစာထဲစိတ်ရောက်နိုင်မှာမဟုဘူး အာ့မို့သူပြန်ဖို့ဆုံးဖြတ်လိုက်တာ အိမ်ရောက်တော့ ရေအရင်ချိုးလိုက်တယ် ရေချိုးပြီးတော့သူ အိပ်ဖို့ဆုံးဖြတ်လိုက်တယ် ဘာလို့စိတ်ရှုပ်ရင် စိတ်တိုရင်အိပ်တာအကောင်းဆုံးပဲ ဘာလို့ဆိုအိပ်လိုက်ရင် ခဏတာဘာဆိုဘာမှသိမှာမဟုတော့ဘူးလေ ကိုယ့်ရဲ့ဖြစ်တည်မှုကိုတောင်မေ့ထားနိုင်တယ်လေ

(AN/တကယ်တော့အာ့တာသာသာရဲ့ မူဝါဒပါ😂)





စာသင်ခန်းထဲမှာ Jungkookတယောက် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ် သဲပြန်သွားတာလိုက်သွားလိုက်ရမှာ သဲနေမကောင်းလို့လားမသိဘူး ခုတော့စိတ်ပူနေရပြီ ကျောင်းမြန်မြန်ဆင်းဖို့ဆုတောင်းနေမိတယ် ကျောင်းဆင်းတော့သူမြန်မြန်ပြေးထွက်ခဲ့တယ် တနေရာအရောက်သူ့အရှေ့ကို ပိတ်ရပ်လိုက်တဲ့ တစုံတယောက်ကြောင့် သူ့ခြေလှမ်းတွေရပ်တန့်ကုန်တယ်
ကျစ်...ဒီမိန်းမ ဘာလာရှုပ်ပြန်တာလဲ

JK- "မင်း...ထပ်လာပြန်ပြီလား ငါလက်ထပ်ပြီးပါပြီပြောတာတောင် မင်းကလိုက်ပြီးတွယ်ကပ်ချင်နေတာလား မင်းလိုမိန်းမမျိုးက ရွံဖို့ကောင်းတယ်"

TH- "Oppaကလည်း ခုbaeလာတာက Oppaရဲ့ချစ်လှစွာသော Park Jiminနဲ့ Taeminအကြောင်းလေးပြောပြမလို့လေ"

JK- "မင်းကငါ့သဲနဲ့အာ့ကောင်အကြောင်း ဘာပြောစရာရှိလို့လဲ ပေါက်ကရတွေပြောပြီး ဂျောက်တွန်းမယ်မကြံနဲ့ ငါကသူများပြောတိုင်းမယုံတတ်ဘူး"

TH- "အာ့လိုပြောမှာဆိုးလို့ သက်သေပြမှာ"

ပြောပြီးသူ့အိတ်ထဲကတခုခုရှာနေတဲ့ ကျက်သတုန်းမ

TH- "ရော့.....အာ့မှာသက်သေ"

ကျနော့်ကိုဓာတ်ပုံတွေလှမ်းပေးလေရဲ့ ကျနော်လည်းကြည့်လိုက်တော့ ကျနော့်ခေါင်းကိုမိုးကြိုးအစင်းတစ်ရာပစ်လိုက်သလိုပဲ ပူထူသွားပြီး ကျနော့်ကမ္ဘာကြီးတခုလုံး ရပ်တန့်သွားသလိုခံစားလိုက်ရတယ် ဓာတ်ပုံထဲကဟိုကောင်နဲ့ နမ်းနေဖတ်နေတာ ကျနော့်သဲမဟုဘူးမှတ်လား တကယ်မဟုဘူးမဟုလား ကျနော့်သဲကဘာလို့အာ့လိုလုပ်ရတာလဲ မဟုမှလွဲရောသဲကကျနော့်ကို အချိုသတ်ပြီး ထွက်သွားဖို့ကြိုးစားနေတာလား ဟင့်အင်း အာ့လိုအဖြစ်မခံနိုင်ပါဘူး သဲကကျနော့်အပိုင်
ကျနော်လည်းမြန်မြန်ကားမောင်းပြီး အိမ်ကိုပြန်ခဲ့လိုက်တယ်
အိမ်တောင်ဘယ်လိုပြန်ရောက်လာမှန်းမသိလိုက်

Mirror Love (Completed)Where stories live. Discover now