Ep-1

20.7K 1.3K 16
                                    

Zawgi

Seoulတက္ကသိုလ်ဝင်းအတွင်းသို့ ကောင်လေးတယောက်ဝင်လာလျှင် မိန်းကလေးတွေရဲ့အကြည့်တွေက အာ့ကောင်လေးဆီစုပြုံရောက်လာကြတယ် အာ့ကောင်လေးမှာချောမောတဲ့မျက်နှာ တောင့်တင်းတဲ့ခန္ဓာကိုယ်ကြောင့် မိန်းကလေးတွေရဲ့အသည်းကြော်ဖြစ်တဲ့ Play boy Jeon Jungkook  ကောင်မလေးတယောက်ကိုတပတ်အပြင်ပိုမတွဲဘူး
Jeonမိသားစုရဲ့တဦးတည်းသောသား ကိုရီးယားနိုင်ငံရဲ့
အချမ်းသာဆုံးTop 10စာရင်းဝင် KMလုပ်ငန်းစုရဲ့
တဦးတည်းသောအမွေဆက်ခံသူ အာ့အချက်ကလည်းသူ့ကိုမိန်းခလေးတော်တော်များများရဲ့အသည်းကျော်ဖြစ်စေတဲ့အချက်တွေထဲကတစ်ချက်ပဲ
ခုလည်းကန်တင်းမှာသူငယ်ချင်းတွေနဲ့မုန့်ထိုင်စားနေတုန်းသူအပျော်တွဲနေတဲ့ကောင်မလေးတွေထဲကတယောင်ဖြစ်တဲ့ Lee Taeheeရောက်လာပြီး

TH- "Oppa.... ညနေကျရင်dateရအောင်"

JK- "ကိုယ်ညနေကျမအားဘူး သွားစရာရှိတယ်"

တကယ်တော့ ကျနော်မdateချင်လို့လျှောက်ပြောနေခြင်းသာ

TH- "ဟွန့်.... Oppaကလည်းတခါတလေလေးdateရအောင်ပါဆို သွားစရာရှိရင်ဖျက်လိုက်ပေါ့"

JK- "ကျစ်...ငါမအားဘူးလို့ပြောနေတယ်လေ...
တော်ပြီကွာမင်းနဲ့ငါနဲ့ပြတ်ပြီ"

TH- "Oppa... အာ့လိုမဟုတ်...."

ကောင်မလေးစကားမကားမဆုံးခင် သူထွက်လာခဲ့လိုက်တယ်
ဒီလိုပါဘဲသူဆိုတာ ကောင်မလေးတွေကိုအပျော်တွဲရုံလောက်ပဲ
ကောင်မလေးတွေအများကြီး တွဲခဲ့ဖူးပေမဲ့ ဘယ်သူ့ကိုမှရင်မခုန်ခဲ့ စိတ်ရှုပ်လာရင်ဖျက်ပြစ်လိုက်တယ်
ကျနော်ကန်တင်းကအထွက်မှာ ကောင်လေးတယောက်နဲ့ တိုက်မိတယ် ကျနော်တိုက်မိတဲ့ကောင်လေးကိုပြန်ပြောဖို့ ကြည့်လိုက်တော့ Oh အရမ်းလှတာပဲ ကျနော့်ရဲ့ဘယ်ဘက်ရင်ဖက်ကအကောင်လေးကလည်း
အရမ်းကိုခုန်နေတာဗျ ဘယ်ကောင်မလေးမှရင်မခုန်ဘူးတဲ့ကျနော်က ဒီကောင်လေးနဲ့ကျမှရင်တွေခုန်နေတယ်တဲ့လား

Boy- "တောင်းပန်ပါတယ်....ကျနော်မမြင်လိုက်လို့ပါ..
သွားခွင့်ပြုပါဦး"

ကောင်လေးကထွက်သွားခဲ့ပြီ
ဒါပေမဲ့ ရင်ကတော့ခုန်နေဆဲပဲ
ကျနော်ဒီကောင်လေးကိုချစ်မိသွားတာလား
မဖြစ်နိုင်တာ ယောကျာ်းချင်းကို
ကျစ်....နာမည်လေးတောင်မမေးလိုက်ရဘူး
နောက်မှတွေ့တာပေါ့ကောင်လေးရေ...

Mirror Love (Completed)حيث تعيش القصص. اكتشف الآن