ရိပေါ် ရှောင်းကျန့်ကိုမျက်လုံးပြူးပြတော့ ရှောင်းကျန့်ကမပြောချင်တဲ့လေသံနဲ့

"ဟုတ်တယ်မေမေ သား ကြွက်မြင်လို့"

• • • • • • • • • • • သြော် အေးအေး ပြီးရင်ဆင်းခဲ့ကြနော် မနက်စာစားဖို့• • • • • • • • • • •

"ဟုတ်ကဲ့အမေ သားတို့လာခဲ့ပါ့မယ်"

နှာဘူးကြီး ဗြောင်လိမ်ဗြောင်စားနဲ့

ရှောင်းကျန့်မျက်စောင်းထိုးကာရိပေါ်ရဲ့လက်ကိုကိုက်လိုက်သည်။

"အား!! သေပါပြီ ဘာ့လို့ကိုက်တာလဲကျန့်လေးရဲ့"

"ဒီလောက်လေးကိုနာတယ်ပေါ့လေ ဒီမှာကြည့်ခင်ဗျားကိုက်ထားတဲ့အရာတွေ တစ်ကိုယ်လုံးကိုပြည့်နေတာပဲ"

ရှောင်းကျန့်ပြတာကိုကြည့်လိုက်တော့ ဟုတ်ပါရဲ့ရင်ဘတ်တွေဗိုက်နေရာနဲ့လက်မောင်းကျောကုန်း နေရာအနှံ့ပဲ ငါညကဘယ်လိုတောင်စိတ်လွတ်ကိုယ်လွတ်လုပ်မိသွားတယ်မသိဘူး ဒါပေမယ့်ဒီအမှတ်တွေနဲ့ကလေးကလှတယ်။

သူလုပ်ထားတဲ့အရာတွေကိုပြုံးပြုံးကြီးကြည့်နေတာကြောင့်ရှောင်ဂကျန့်သူ့ဟာသူပြကာပြပြီးရှက်လာတာကြောင့် စောင်ကိုဆွဲကာတစ်ကိုယ်လုံးခြုံထားလိုက်တယ်။

"ခင်ဗျား နှာဘူးကြီး"

"ကိုယ့်ယောကျ်ားကိုဘူးတာလေ သူများသွားဘူးတာမှမဟုတ်ဘဲ"

"ရုပ်ကိုကပြီတီတီနဲ့ သွား! ထွက်သွား!! ခင်ဗျားမျက်နှာမမြင်ချင်ဘူး!!"

"ကိုယ်တောင်းပန်ပါတယ်ကွာ နော် ညကကိစ္စကိုစိတ်ဆိုးပြေပါတော့"

လုပ်တုန်းကလုပ်ပြီး တောင်းပန်ပါတယ် ဟုတ်လား

"သွားလို့ပြောနေတယ်လေ ဒီနေ့တစ်နေ့လုံးခင်ဗျားမျက်နှာမမြင်ချင်ဘူး!!"

ရိပေါ်ကစကားထပ်ပြောဖို့ပြင်လိုက်ပေမယ့် သူနာခံစွာပဲမျက်နှာငယ်လေးနဲ့ကုတင်အောက်ကအင်္ကျီကိုကောက်ဝတ်လိုက်ပြီးလက်ပိုက်ခေါင်းငုံ့ကာထွက်သွားလေတော့သည်။

"လုပ်သွားတဲ့ပုံကိုက သူ့ကိုပဲငါကအနိုင်ကျင့်ပြီးနှင်လွှတ်လိုက်တဲ့ပုံနဲ့ "

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now