part-22 [ Z+U ]

Magsimula sa umpisa
                                    

.............................................................

ကောင်းကင်ယံမှာလမင်းကြီးကတိမ်ဆိုင်တွေအလယ်မှာလှလှပပထွန်းလင်းနေတယ် ညနေကမိုးရွာထားတော့ဖားအော်သံတွေကိုလည်းတစ်ချက်တစ်ချက်ကြားနေရသေးတယ်။မိုးခေါ်နေတာထင်ပါ့ မိုးရွာခဲ့တယ်လို့မထင်ရအောင်ကြယ်တွေဟာလည်းမှိတ်တုတ်မှိတ်တုတ်နဲ့ကောင်းကင်ကြီးဟာလှပနေလေရဲ့။မိုးလေအေးအေးလေးတိုက်ခတ်နေသောကြောင့်အရမ်းကြီးမအေးသော်လည်း တစ်ချက်တစ်ချက်ကိုကြက်သီးထသွားရသည်။မိုးလေဆိုတော့လည်းအေးတာပေါ့

ရိပေါ်ပြတင်းပေါက်နားမှာမတ်တပ်ရပ်ရင်းကောင်းကင်ကြီးကိုမော့ကြည့်နေတယ် လှတယ်ဒီနေ့ညကခါတိုင်းညတွေထက်ပိုလှတယ် ဘယ်လိုလှနည်းလှမှန်းမသိအောင်ကိုလှတယ်
ဒါပေမယ့်အဲ့အလှလေးကိုကြာကြာမခံစားလိုက်ရပါဘူး

"သား "

"ဗျာ အမေ"

"ရှောင်းလေးအိပ်နေတာလား"

"ဗျာ ဟို သားလည်းမသိဘူး ရေချိုးပြီးတာနဲ့အောက်ကိုဆင်းလာလိုက်တာ"

"သြော် ညစာစားဖို့သွားခေါ်ချည်ပါအုံးကွယ် နေ့လည်ကလည်းပြန်သာလာတာထမင်းလည်းမစားဘူး ပြီးတော့မိုးရွာတုန်းကလည်းရေထွက်ခံသေးတာ တော်ကြာအအေးမိပြီးဖျားနေမှဖြင့်.."

ဟုတ်တာပဲ ရှောင်းကျန့်မိုးရေချိုးချင်တယ်ဆိုလို့ပေးချိုးခိုင်းလိုက်တာသူကချိုးရုံတင်မချိုးဘဲအိမ်မှာရှိသမျှရေစည်တွေထဲကိုရေလိုက်ဖြည့်နေသေးသည်။ဖျားနေရင်တော့ဒုက္ခပဲ

"ဟုတ်သားသွားခေါ်လိုက်မယ်လေ"

ရိပေါ်အခန်းထဲဝင်လာတော့ကုတင်ပေါ်တွင်စောင်ထဲမှာပုစွန်ကွေး ကွေးနေသောရှောင်းကျန့် ရိပေါ်အနားသွားပြီးနဖူးကိုစမ်းကြည့်တော့ထင်သည့်အတိုင်းပင် အသားတွေပူခြစ်နေတာပဲ
ဖျားနေပြီ

"ရှောင်းကျန့် ရှောင်းကျန့် ထပါအုံး"

"ဟင် အင်..."

"နေမကောင်းဘူးမလား"

"ကျွန်တော်ကောင်းပါတယ်"

"ဘယ်နားကောင်းနေတာလဲ ဒီလောက်ခန္ဓာကိုယ်ကပူခြစ်နေတာကို ထ ဆေးသောက်ရမယ် နေအုံးဝူချန်းကိုအရင်ဆုံးသွားခေါ်လိုက်အုံးမယ်"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Tahanan ng mga kuwento. Tumuklas ngayon