BLUE SIDE ( Ep 1)

Start from the beginning
                                    

"ဟင်.... ငါဘယ်လိုဖြစ်သွားတာလဲ... ပင်လယ်ပြင်ကြီးကရော ဘာဖြစ်သွားတာလဲ...."

"ကလေးရေ..... မင်းအဆင်ပြေရဲ့လားဟင်...?? "

"အဟု.. အဟွတ်... ဟုတ်ကဲ့..."

"ကလေးလေးရယ် မင်းသိပ်ကြောက်နေခဲ့မှာပဲနော်...ငါသာ မင်းကို မတွေ့မိခဲ့ရင် တကယ်ဒုက္ခရောက်တော့မလို့.... အခုတော့ တော်ပါသေးတယ်....."

နူးညံ့သော စကားလုံးလေးတွေနဲ့အတူ စိုးရိမ်တကြီးပွေ့ဖက်လာခဲ့သူက သူတစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် ခပ်ချောချော အကိုကြီးတစ်ယောက်....

အားကုန်ကာ မောဟိုက်နေသည့်ကြားထဲမှ သူအားယူကာ မေးလိုက်သည်......

"ကျွန်တော့်ကို ကယ်လိုက်တာ Hyung လားဟင်? "

" ဆိုပါတော့ကွာ..... မင်း မတ်တပ်ရပ်နိုင်ရဲ့လားဟင်.. ကလေးဘယ်မှာနေလဲ Hyung ကိုပြောပြ... Hyung လိုက်ပို့ပေးမယ်..."

"ဟုတ်... ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်ခမျ... ကျွန်တော်က Hwarang မိဘမဲ့ကျောင်းကပါ... "

"ဟမ်.... ငါတည်းနေတဲ့ Hotel နားက မိဘမဲ့ကျောင်းကပဲ.. ကဲလာ... Hyung မှာ ကားပါတယ်.. Hyung လိုက်ပို့ပေးမယ်နော်....."

.............................

အဲ့ဒီည..... အဲ့ဒီညက Taehyung အတွက် အတွေးကမ္ဘာထဲချာချာလည်နေခဲ့တဲ့ည.............

ပင်လယ်ရေလှိုင်းတွေက ဘယ်လိုဖြစ်ပီး ငါ့ကိုကယ်လိုက်တာလဲ...???
လှိုင်းတွေသယ်လာတဲ့အချိန်တုန်းက ငါသေချာမြင်လိုက်တာ ညနေကငါ့ကို ကယ်တယ်ဆိုတဲ့ Hyung ပါ.. လူံးဝသေချာတယ်... အဲ့အချိန်တုန်းက Hyung လက်တွေကို ကမ်းခြေဘက်ကို ယပ်ပီးခေါ်နေတာ ငါသေချာမြင်လိုက်တယ်....

ပီးတော့ အဲ့နားမှာ Hyung ပဲရှိတာ... Hyung မှာ ငါကြည့်ဖူးတဲ့ Super Heroဇာတ်ကားတွေထဲကလိုများ Super powerတွေရှိနေတာများလား... ???

Hyung ကမနက်ကျရင် လာတွေ့အုံးမယ်လို့ မှာသွားတယ်.. မနက်မှ သေချာမေးကြည့်ရမယ်.... အခုတော့ အိပ်တော့မယ်ကွာ.....
...................

နောက်တစ်နေ့ နေ့လည်ခင်းလောက်မှာပဲ Taehyung မျှော်နေတဲ့ Hyung ကမုန့်တွေကိုကားတစ်စီးလုံးအပြည့်သယ်လာကာ ဂေဟာက ဂေဟာမှူးဆရာမနှင့်အတူ ကလေးတွေကို မုန့်တွေဝေပေးနေခဲ့တယ်......

BLUE SIDEWhere stories live. Discover now