BLUE SIDE ( Ep 1)

29.9K 1K 45
                                    

South Korea , Daegu မြို့ ပင်လယ်ကမ်းခြေ ရဲ့ သဲသောင်ပြင်ပေါ်မှာ အတိတ်ကာလတစ်ခုထဲကို အတွေးရေယာဉ်ကြောနဲ့ မျောလွင့်နေတဲ့ အသက် ၂၄နှစ်အရွယ် လူငယ်လေးတစ်ယောက်...................

သူ့နာမည်က Park Taehyung .....

တကယ်တော့ Park ဆိုတဲ့ မျိုးရိုးနာမည်က ဒီကောင်လေးရဲ့မွေးကထဲက ရလာခဲ့တဲ့ မျိူးရိုးနာမည်တော့မဟုတ်ပါဘူး.......

Taehyung ရဲ့ ငယ်ဘဝ မျိုးရိုးနာမည်က
Kim Taehyung တဲ့.....,

Park Taehyung ဆိုတဲ့ နာမည်လေး ဖြစ်တည်လာခဲ့ရတဲ့အကြောင်းရင်းကတော့ အခုဒီကောင်လေး တွေးနေတဲ့ အတိတ်ကာလလေးတစ်ခုက အစပြုခဲ့တာပါပဲ......

သူ့အတွက် သိပ်အရေးပါပီး.... သူ့ဘဝရဲ့ ပထမဦးဆုံး နဲ့အကြီးမားဆုံး အပြောင်းအလဲတစ်ခုက ဒီကမ်းခြေလေးကနေပဲ စတင်ခဲ့တယ်....................,,

>> FLASH BACK

" အား...... ကယ်ကြပါအုန်း...!!!!! "

"ကယ်ကြပါအုန်း.... ကျွန်တော်.. အု... ဒီမှာ.. ရေနစ်နေလို့..."

"ကယ်ကြပါ......!!!!!!!!! "

၁၂အရွယ်ကလေးတစ်ယောက်ရဲ့ သနားစရာအကူအညီတောင်း အော်ဟစ်သံဟာ ကမ်းခြေနဲ့ တော်တော်ဝေးဝေး ထိရောက်နေပီး ကြွက်တက်ရင်း ရေနစ်နေရှာသူ ကလေးငယ်လေးအတွက် အသက်ရှင်ဖို့မျှော်လင့်ချက်လေးတစ်ခု........

အချိန်အခါကလဲ ညနေဆည်းဆာဖြစ်နေတဲ့အတွက် ကမ်းခြေမှာ လူသွားလူလာ အင်မတန်နည်းပါးနေခဲ့တယ်...

သူ့ရဲ့ အော်ဟစ်သံကို ဘယ်သူမှမကြားနိုင်တဲ့ အတွက်ရော သူဆက်ပီး ရေထဲမှာ မရုန်းကန်နိုင်တော့တဲ့အတွက်ရော ကလေးငယ်ရဲ့ အင်အားတွေက တစ်ဖြေးဖြေးနဲ့လျော့ပါးလာနေခဲ့တယ်......

သူ... သူတကယ် သေရတော့မှာပါလား....

သူဆက်ပီး မရုန်းကန်နိုင်တော့တဲ့အတွက် ဝမ်းနည်းစွာနဲ့ပဲ ငြိမ်သက်ရင်း ဒီအတွေးကခေါင်းထဲဝင်လာခဲ့တယ်.......

'''' ရုတ်တရက်.....'''

ပင်လယ်ရေလှိုင်းတွေက သူ့ကိုပင်လယ်အနက်ပိုင်းအထိ ဆွဲချနေရာကနေ ရုတ်တရက်ဆိုသလို ဦးတည်ချက် ပြောင်းသွားကာ သူ့အနားတစ်ဝိုက်က ရေလုံးတွေဟာလဲ သူ့တစ်ကိုယ်လုံးကို ပွေ့ဖက်လိုက်သလို ပုံစံပြောင်းပီး ကမ်းခြေဘက်ကို မော်တော်ဘုတ်မောင်းနှင်သလို အရှိန်ဖြင့်ရွေ့လျားသွားပီး သူ့ခြေထောက်လေး မြေသားပြင်ကို ထိတွေ့ကာ မတ်တပ်ရပ်နိုင်လောက်သည့် အနေအထားမှာ ရပ်တန့်သွားခဲ့တယ်...........

BLUE SIDEWhere stories live. Discover now