ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ(အပိုင်း-၁)

820 33 16
                                    

မနက်ခင်းနေရောင်ခြည်ထွက်စမပြုခင်အချိန်လေးမှာ
နာရီနှိုးစက်သံရဲ့ဆော်သြမှုနဲ့အတူ baekအိပ်ယာကထလိုက်သည်...။ဒါဟာသူမအတွက်နေ့စဉ်အိပ်ယာထချိန်လေးတစ်ခုပေါ့...။အိပ်ယာနိုးတယ်ဆို ရေချိုးခန်းဝင် မနက်စာစားပြီးတာနဲ့ နေရောင်ခြည်ရဲ့ အလင်းတန်းလေးကျရောက်လာပြီဆိုတာနဲ့ Baekတို့တစ်ယောက်
ကျောပိုးအိတ်လေးကိုလွယ်ကာ Yeolရဲ့အိမ်ကိုထွက်လာခဲ့တယ်....။

ဒါဟာ သူကျောင်းမသွားခင်နေ့စဉ် လုပ်နေကျအလုပ်တစ်ခုပေါ့ baekတို့မိသားစုနဲ့yeolတို့မိသားစုကရင်းနှီးတာ
ကြောင့် နှစ်အိမ်တစ်အိမ်လိုဖြစ်နေကြတယ်လေ...။
yeolနဲ့baekက ငယ်သူငယ်ချင်းတွေပေါ့...တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးတယ်...ပွင့်လင်းတယ်...။
ကျောင်းတက်ရက်တွေဆို ကျောင်းသွားဖို့Baekကဘဲ
yeolကိုလာလာနှိုးနေကျဆိုပေမယ့်...ကျောင်းပိတ်ရက်တွေမှာဆိုရင်တော့Baekသွားနှိုးလေ့မရှိပါဘူး...။

မိဘတွေကလည်း သူတို့နှစ်ယောက်ကို အရမ်းချစ်ကြတဲ့
သူငယ်ချင်းတွေမှန်းသိတာကြောင့် ကျူ ရှင်ကိုလည်းအိမ်
မှာဆရာခေါ်ပြီးနှစ်ယောက်အတူတူတက်ကြပေမယ့် Yeolက ငါ့အိမ်မှာလာတက်ဆိုလို့ ဆရာကိုBaekအိမ်မခေါ်ဘဲ Yeolအိမ်မှာခေါ်ပြီးတော့သာတက်ကြတယ်....။

ငယ်ငယ်ထဲက Yeolဆိုရင် အလိုလိုက်အလျော့ပေးတတ်
တာကြောင့် baekက yeolရဲ့ ငယ်နိုင်တစ်ယောက်လိုဖြစ်နေတတ်ပြီး Baekကလည်းyeolရဲ့အနိုင်ကျင့်မှုတွေကို
အပစ်တွေလို့တောင်မမြင်တတ်ခဲ့တဲ့သူတစ်ယောက်ပါ...

ပြန်တွေးကြည့်မယ်ဆိုရင် ငယ်ငယ်ထဲက Yeolက
ကျွန်မကိုသာအားကိုးတယ်...အဓိကက ကျွန်မကိုသူ
ငယ်ချင်းတွေထားတာမကြိုက်ဘူး...သူ့အတွက်အချိန်မ
ပေးနိုင်မှာစိုးလို့တဲ့လေ...baekမှာ သူငယ်ချင်းဆိုလို့
yeolတစ်ယောက်သာရှိနေခဲ့ပြီး...yeolရဲ့သူငယ်ချင်းတွေနဲ့တော့တစ်ခါတစ်ရံ စကားပြောဖူးပါတယ်...

ကျွန်မကိုယ်တိုင်ဘဲ yeolရဲ့စကားတွေဆိုမြေဝယ်မကျနားထောင်နေတတ်တာဟာ ဘယ်လိုဆုတောင်းမျိုးပါလိမ့်ဆိုတာ မနက်သူ့အိမ်လာရာလမ်းတစ်လျှောက် နေ့တိုင်းစဉ်းစားကြည့်ပေမယ့် သူ့အိမ်ရှေ့ရောက်တိုင်း အဖြေကရှာမတွေ့ခဲ့ဘူး.....။ဒီနေ့ရောဘဲ အဖြေရှာမရခဲ့ပြန်ဘူး

ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ...Where stories live. Discover now