Chingu...arni Namja Chingu

52 4 0
                                        

"ဟေ့...ပါပီဝက်"

baekhyun တစ်ယောက် ကျောင်းသွားရန် အိမ်ထဲမှာထွက်အလာကိုစောင့်နေသော Park Chanyeol ထံမှခေါ်သံကိုကြားသောကြောင့် သူမျက်စောင်းထိုးကာ ပေစောင်းစောင်း
ကြည့်လိုက်ပြီး

"ငါ့ကို အဲ့လိုမခေါ်နဲ့ လို့ ပြောထားတယ်လေ ဂြိုလ်သားကောင်
ရဲ့ "

"ဟာ...ပါပီမို့ ပါပီလို့ ခေါ်တာလေ မင်းကတဖြည်းဖြည်းနဲ့ 
လုံးတစ်လာလို့  ပါပီဝက်လို့ ခေါ်တာ ငါ့အမှားလား😝"

ပြောရင်းနှင့်ပင် လျှာထုတ်ကာပြောင်ပြလာသည်မို့  သူဒေါသတွေကို မမြိုသိပ်နိုင်တော့

"yrrrrrr Park Chanyeol!!!!!!!!!! 😤"

"ခွပ်'"

နာမည်ကိုခေါ်ကာ Chanyeol ၏ခေါင်းကို ခွပ်ကနည်း ခုန်
၍ခေါက်လိုက်မိ၏။ Park Chanyeol ဆိုသောအကောင်မှာ ကျွန်တော့်ကိုစနောက်ရန်မွေးလာသလားလို့ ထင်မိသည်အထိ ကျွန်တော်မခံချင်အောင် စနောက်လွန်းသည်

"yrrrrr ဗြောင်ဂျပု မင်းငါ့ကိုဘာလို့ ခေါက်တာလဲ😡"

မီးဝင်းဝင်းတောက်နေသလို မျက်ဝန်းပုံစံတေဖြင့်ကြည့်ကာ
အော်လာသော်လည်း ကျွန်တော်နည်းနည်းလေးမှ ဂရုမစိုက်မိ
သလို သူ့ ကိုစောင်းငမ်းစောင်းငမ်းနှင့်သာကြည့်နေလိုက်
သည်။ဒါဟာလည်းအထူးအဆန်းမဟုတ် တစ်ပတ်မှာ ခြောက်ရက်နဲ့ နေ့ တစ်ပိုင်းလောက်က အဲ့သလိုသတ်နေကြပင်

"မင်းကရော ဘာလို့ ငါမကြိုက်တာကို လာစလဲ"

မျက်စောင်းလေးထိုးရင်း ပြန်ပြောလိုက်မိသည်။

"မင်းကလည်း ငါကချစ်လို့ စတာကို စိတ်မဆိုးရဘူးလေ"

"ပြောလိုက်ရင် ချစ်လို့ စတာ ချစ်လို့ စတာနဲ့ 😒"

"အေးပေါ့ မင်းကိုချစ်လို့ စတာလေ မချစ်ရင်စမလား ပါပီဝက်လေးရ😊"

"ကျောင်းသွားမှာမလား ပါပီဝက်ကလေး လာ...အတူတူသွားမယ် တက်"

ကျောင်းအတူတူသွားမယ်ဆိုကာ သူ့ စက်ဘီးပေါ်အတင်း
တက်ခိုင်းနေပြန်သည်။ဒါဟာလည်းအဆန်းမဟုတ် အမြဲတစေ ဖြစ်နေကျ အစဉ်အလာတစ်ခု သူသည်နေ့ တိုင်း ကျောင်းသွားရန် ကျွန်တော့်ကိုလာခေါ်နေကျ အဲ့လိုလာခေါ်တိုင်း
အခုလိုစကားများ ရန်ဖြစ်နေကျပင်

You've reached the end of published parts.

⏰ Last updated: Jul 29, 2021 ⏰

Add this story to your Library to get notified about new parts!

Chingu...arni Namja ChinguStories to obsess over. Discover now