Chapter - 5(Chapter-68;ပျင်းရိနေသောကျားနှင့် အသံတိတ်စကားဆိုခြင်း)

7K 937 9
                                    

Chapter-68;ပျင်းရိနေသောကျားနှင့် အသံတိတ်စကားဆိုခြင်း

ယွမ်တုန် ဟာထလာတဲ့ နဉ်ရှုရဲ့ နဖူးမှာချွေးတွေစိုနေတာကိုတွေ့တဲ့အတွက် ရေအချို့ယူပြီ သုတ်ပေးလေတယ်။နဉ်ရှုဟာသူမကြည့်လိုက်ပြီးတော့ ဒီမိန်းကလေးကတော်တော်လေးကြည့်ကောင်းတယ်လို့ မှတ်ချက်ချလိုက်လေတယ်။ ဒါပေမယ့်နှမြောစရာကောင်းတာက သူမက ပိုင်ရှင်ရှိပြီးသားအရာကို တပ်မက်ခဲ့ပြီး သူမဘေးနားမှာ နေနေရလေတယ်။

နဉ်ရှုဟာ သူမအိပ်ယာကို ခင်းတွေကိုပြန်အောင်လုပ်ပေးနေတဲ့ မြောင်ချင်ကိုကြည့်လိုက်ပြီးတော့
"ငါ...ဒီမင်းသမီးက ကအစာတချို့စားဖို့ ဆန္ဒရှိတယ် "
ဆိုပြီးပြောလိုက်လေတယ်။
မြောင်ချင်က အံ့ဩမှုကြောင့်အသံတချို့ထွက်လာပြီးတော့ နဉ်ရှုအတွက်စားစရာ တချို့ပြင်ဖို့ ချက်ချင်းပြေးထွက်သွားတော့လေတယ်။နဉ်ရှုဟာ သူမ လိပ်ပြာ‌လေးပျံသွားသလို ပြေးသွားတာကို ကြည့်လိုက်ရင်း သူမမျက်လုံးထဲမှာ အလင်းတချို့ ဖြတ်ပြေးသွားလေတယ်။ နောက်ဆုံးမှာ ဒီမြောင်ချင်က အောင်အောင်မြင်မြင်နဲ့ လီဝမ်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာတယ်လေ။

နဉ်ရှုဟာ သူမရဲ့အကြည့်တွေကကို ယွင်တုန် ဘက်‌ပြန်ပြောင်းလိုက်လေတယ်။ ဒီကောင်းမလေးက သူမအတင်းအကျပ် လက်ထပ်ခံလိုက်ရပြီး ဟန်တွေရဲ့ ကစားစရာလေး ဖြစ်လာတဲ့အထိ အတူရှိခဲ့လေတယ်။ ဒါပေမယ့်အဲ့တာက သူမ ကသူ့ကို သစ္စာရှိတ။်လို့ဆိုလိုတာမဟုတ်ဘူး။ သူမကလည်း တွမ်ရှင်းဟွေ့ကိုကြိုက်နေတာ ဖြစ်တယ်။
ဒါပေမယ့် တွမ်‌ရှင်းဟွေ့က ကျေးလက်သူနဲ့ကြိုက်သွားပြီး သူမရဲ့ သူ့ရဲ့ကိုယ်လုပ်တော်ဖြစ်လာမယ့် မျှော်လင့်ချက်လေးကို ပျက်သွားစေလေတယ်။ ဒါက မျိုးရိုးနိမ့်နဲ့ လက်ထပ်တယ ဖြစ်ပေမယ့်လည်းအမျိုးသမီး တော်တော်များများက သူတို့ရဲ့ခင်ပွန်းသည် တွေအတွက် ကိုယ်လုပ်တေယ်ထားရှိပေးလေတယ်။ သူမတို့ ဓမ္မတာ လာချိန်ဘဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ချိန်ဘဲဖြစ်ဖြစ် အဲ့ကိုယ်လုပ်တော်တွေက အသုံးတော်ခံရလေတယ်။

ကျားဟွေ့ နဲ့ ယွင်တုန်က ပန်းတိုင်တူတဲ့အတွက်သူမတို့ နှစ်ယောက်ပေါင်းပြီး ကျေးလက်သူလေးကို ဖိနှိပ်ဖို့ကြိုးစားလေတယ်။အဲ့ကျေးလက်သူလေး နာမည်က
Er Ya (အားရာ-Ér Yá '尔雅'ပေါ့ သံကိုဖိပြီးထွက်တာပါ) ပြောရမယ်ဆို အဲ့နာမည်က တော်တော်လေး တောဆန်လေတယ်။ နောက်ပိုင်းမှာတော့ အရမ်းကို ခေါ်လို့ကောင်းပြီး အဆင့်အတန်းမြင့်တဲ့ နာမည်အဖြစ်ပြောင်းသွားလေတယ်။

The General Loves A Village Girl (Arc-2) (Complete)Where stories live. Discover now