Chapter - 4(Chapter-67:တော်ဝင်အကိုတော်၏ အပေါ်ယံ မျှသာ)

Start from the beginning
                                    

သူမဟာ ရုတ်တရက်ကြီး သူ့ကို မြင်လိုက်ရတဲ့အတွက် မရည်ရွယ်ဘဲအော်မိသွားတဲ့အပြင် သုမနှလုံးတောင် အပြင်ခုန်ထွက်သွားပြီလို့ ထင်လိုက်မိလေရဲ့။
သူမ တည်ငြိမ်သွားတော့မှ ထိုလူ "မင်းနိုးပြီဘဲ"ဆိုပြီးပြောလာလေတယ်။
နဉ်ရှုဟာ ကြိုးစားပြီးထထိုင်ကာ "အကိုတော်" ဆိုပြီးခေါ်လိုက်လေတယ်။
မူလ Host ရဲ့ မှတ်ဉာဏ်တွေကြောင့် ဒီလူကို သူမ သိနေတာ ဖြစ်လေတယ်။
ဒီလူက လက်ရှိဘုရင် လီဝမ် ၊ သူရဲ့နာမည်ကြားရင်တော့ နူးညံ့တဲ့လူလို့ ထင်ရပေမယ့် တကယ်တော့ သူဟာ နာမည်နဲ့မလိုက်ဖက်တဲ့ ခန်ညားအေးစက်သူ တစ်‌ယောက်ဘဲ။
သူ့ရဲ့ အပြုအမူတွေကအစ အေးစက်ခန့်ငြားပြီး ဂုဏ်ရှိန်တွေ ပြည့်လို့နေလေတယ်။

{Li ရဲ့အဓိပ္ပာယ် က plum မက်မန်းပွင့် ၊ မက်မန်းပင် လို့ယူလို့ရပြီး Wen ကတော့ နွေးထွေးမှုလို့ အဓိပ္ပာယ် ရပါတယ်။များသောအားဖြင့် နူးညံ့ပြီးကြင်နာတတ်တဲ့ လူတွေကိုပေးလေ့ရှိတဲ့ နာမည်ပါ}

လက်သည်းငါးချောင်းနဲ့ ကြော့မော့နေတဲ့ နဂါးပုံထိုးထားတဲ့ ဝတ်ရုံကို ဝတ်ထား တဲ့ လီဝမ်ဟာ အရမ်းကိုချောမော ခန့်ငြားနေပြီးတော့ သူ့ပုံစံတွေဟာ ပန်းချီစုတ်ချက်တွေလိုဘဲ အချိုးကျလွန်းလို့နေလေတယ်။
သူ့ရဲ့ စည်းကမ်းတကြီးနဲ့ အေးစက်တည်ငြိမ်တဲ့ အပြုအမူတွေကြောင့်သာမက မြင့်မားတဲ့ အမျိုးအနွယ်က ဖြစ်တဲ့အတွက်ကြောင့်ရော သာမာန်ထက်ပိုတဲ့ အရှိန်အဝါတွေနဲ့ ထူးကဲလို့နေလေတယ်။

သူရဲ့ မာနကြီးပြီး တသီးတခြားနေတတ်တဲ့ အပြုအမူသာမက လေးစားစရာ ကောင်းလောက်တဲ့ ဂုဏ်ရှိန်ဂုဏ်ဝါက ဘယ်မိန်းမမှ လွှတ်မြောက်ဖို့ မဖြစ်နိုင်တဲ့ ဆွဲဆောင်အားပြင်းတဲ့ ယောက်ျားတစ်ယောက်‌ဖြစ်စေလေတယ်။
ပြောရမယ်ဆိုရင်တော့ သူက*ရေခဲစိုင် တစ်ခုလိုဘဲ။
မူလ Host ‌ဖြစ်တဲ့ ညီမငယ်မင်းသမီးလေးနဲ့တောင်မှ သူဟာ သိပ်ပြီး ပြုံးရယ်လေ့မရှိဘူး။များသောအားဖြင့်သူဟာ တန်ဖိုးကြီးလက်ဆောင်တွေ ဂုဏ်ပုဒ်တွေ ရှားပါးပစ္စည်းတွေဟာပေးလေ့ ရှိတယ်။

လီဝမ်ဟာ မွေးကထဲက ဘုရင်ဖြစ်မယ့် ဂုဏ်တွေနဲ့ ပြည့်နေတဲ့သူဘဲ။သူဟာ ဗျူဟာရေးရာတွေ ကျွမ်းကျင်ရုံသာမက သူ့ရဲ့ အပြောအဆို အပြုအမူတွေဟာလည်း သတိအပြည့်နှင့်ပင် ဖြစ်လေသည်။
သူ ဘာတွေတွေးနေတယ်ဆို‌တာကို အနည်းငယ်‌တောင် ခန့်မှန်းနိုင့်မည့်လူညတစ်ယောက်မှမရှိပေ။
နဉ်ရှုဟာ ဒီလိုလူမျိုးနဲ့ ရင်ဆိုင်နေရတဲ့အတွက် ချောက်ဖျားမှာ ရပ်နေသလိုခံစားရပြီး သူမ မသိလိုက်ခင်မှာဘဲ သူမခန္ဓာကိုယ် ဟာတောင့်လို့နေတော့တယ်။
သူမ စိတ်ထဲကနေလည်း သူမရှေ့ကလူက အန္တရာယ် များတယ်ဆိုတာကို အကြိမ်ကြိမ်ပြောလို့နေခဲ့တယ်။ သူဟာ ကျက်သရေရှိရှိ တည်"ငြိမ်" နဲ့လက်သည်းတွေကို လျက်နေတဲ့ ခြင်္သေ့ဘုရင်နြဲတောင် တူလို့နေလေတယ်။
လီဝမ်က နူး"ညံ့ လေးနဲ့"မင်း လှဲနေလို့ရပါတယ် "ဆိုပြီး ပြောလာလို့လေတယ်။ သူ့ရဲ့ အကြည့်တွေကို သူမဆီပို့လိုက်ပြီး ခဏလောက် တိတ်တဆိတ်နေပြီးနောက် "ဒီ‌အကြောင်းကအတည်မပြုရသေးတဲ့ အတွက် မင်းကျန်းမာရေးကို ဒီလိုထိခိုက်အောင်လုပ်မနေနဲ့ " ဆိုပြီးပြောလာလေတယ်။သူဂာပြောနေရင်းနဲ့ မျက်မှောင်ကျုန့်လိုက်ပြီးတော့ သူ့ညီမတော်လေးရဲ့ ခေါင်း‌ဟာ ချွေးအေးတွေကြောင့် ဆံပင်တွေပါ စိုနေတာကို တွေ့တဲ့အခါ နည်းနည်း ငြင်"သာ" နဲ့ "ကျားဟွေ့ , သိပ်ပြီးတော့ ခေါင်းမမာချင်နဲ့ဟုတ်ပီလား " လို့ဆိုလေတယ်။
နဉ်ရှုဟာ ပိုပြီးတော့ ချွေးပြန်လာသလို ခံစားရပြီး တော့ပြောစရာ စကားပျောက်ဆုံးလို့နေလေတယ်။သူမ ခင်ပွန်းလောင်းရဲ့ သေဆံးမှုအပေါ် ဝမ်းနည်းပူဆွေးနေတာက ခေါင်းမာတယအဖြစ် ပြောင်းခံခိုက်ရတာလား... နောက်ဆုံးမှာတော့ သူမှ အားတင်းပြီးတော့ "ကျားဟွေ့ နားလည်ပါပြီ " ဆိုပြီးတော့သာ ပြောလိုက်နိုင်လေတယ်။ လီဝမ်ဟာ တံခါးဖက်ကိုလှည့်ပြီး "တစ်ယောက်ယောက် လာခဲ့စမ်း" ဆိုပြီးတော့ အမိန့်ပေးလိုက်လေတယ်။ သူ့ရဲ့အသံဟာ ‌နက်ရှိုင်းပြီးဆွဲဆောင်မှုတွေနဲ့ ပြည့်နေတဲ့အပြင် တစ်ချိန်ထဲမှာဘဲ အေးစက်ပြီး ကျက်သရေ တွေနဲ့ပြည့်လို့နေလေတယ်။
အဲ့ဒီ အသံကဘဲ ကြားရတဲ့ လူတွေကို အလိုလို အမိန်နာခံချင်စိတ်ပေါက်အောင် ဆွဲဆောင်လို့နေလေတယ်။
သူ အမိန့်ပေးပြီးတာနဲ့ ချက်ချင်း အစေခံမလေးနှစ်ယောက်ဟာ အခန်းထဲဝင်လာလေတယ်။ နဉ်ရှုဟာ သူတို့နှစ်‌‌ယောက်ကို သေချာအကဲခတ်လို့နေတယ်။ တစ်ယောက်က မြောင်ချင်(Miao Qing) ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယွမ်တုန်(Yuan Dong) ဖြစ်လေတယ်။ သူတို့နှစ်ယောက်က မူလ Host နဲ့ အနီးကပ်ဆုံးလူတွေ ဖြစ်ပြီး သူမတိူ့နှစ်ယောက်ကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေ ဖြစ်လေတယ်။အခြေအနေက အနည်းငယ်တော့ ရယ်စရာကောင်းလေတယ်။
လီဝမ် ဟာ အေးတိအေးစက်အသံနဲ့ သူတို့နှစ်ယောက်ကို "မင်းသမီးလေးကို သေချာဂရုစိုက် " ဆိုပြီး ‌အမိန်ပေးလိုက်လေတယ်။မြောင်ချင် နဲ့ ယွမ်တုန် ကလည်း "နားလည်ပါပြီ" ဆိုပြီးတော့ တစ်ပြိုင်တည်း ဆိုလာလေတယ်။လီဝမ်ဟာ တိုင်ပြည်ရေးနဲ့ အလွန်အလုပ်များနေပုံ ရပြီးတော့ နဉ်ရှုရဲ့ ကျန်းမာရေး အခြေအနေကို အနည်းငယ်မေးမြန်းပြီးတော့ ပြန်သွားလေတယ်။ နဉ်ရှုဟာ စကားများများ မပြောပေမယ့် သူမ မူမမှန်ဖြစ်နေတာကို သူသတိထားမိလား မထားမိလား ဆိုတာကို စိတ်ပူလို့နေလေတယ်။

The General Loves A Village Girl (Arc-2) (Complete)Where stories live. Discover now