Ting Tong..

" ကော.. ခဏလေးနော် "

အချိန်ကိုက်မှာပဲ တံခါးဘဲလ်သံက ထမြည်တယ်..

ရှောင်ကျန့်ပြောလာမယ့်တစ်ခုခုကို ကြိုတင်လို့စိတ်ပူချင်နေခဲ့တဲ့ ရိပေါ်အတွက်တော့ ရှောင်ဖယ်လို့ရမယ့် အခွင့်အရေးတစ်ခုရပြီလို့ ထင်ခဲ့တာ..
ဒါပေမယ့်..

ကျန်းချန် ? ကျန်းလီကျဲ ?

အာစေးမိသလို တင်းတင်းစေ့နေခဲ့တဲ့ နှုတ်ခမ်းတွေကြောင့် သူ့ကိုပြုံးပြလို့ နှုတ်ဆက်လာတဲ့ သူတွေကိုလဲ ရိပေါ်က ပြန်မတုန့်ပြန်မိတော့...

" ရိပေါ်.. မတွေ့တာကြာပြီနော် "

စောလွန်းတယ်..
စောလွန်းနေသေးတယ် မဟုတ်လား..
သူ ရှောင်ကျန့်ကို ဘယ်လိုနည်းနဲ့မှ သူ့ဘက်ပါအောင် မဆွဲခေါ်နိုင်သေးဘူး မဟုတ်လား..

" ကျဲ .. "

ခပ်တိုးတိုးရေရွတ်သံက သူ့နောက်ကျောဘက်က ထွက်လာတယ်..

" အားကျန့် "

တံခါးဘောင်ကို မြဲမြဲကိုင်လို့ သူ့ဘေးက ဖြတ်သွားသူတွေရှေ့မှာ မျက်နှာ မပျက်မိအောင် နေရတာ ထင်တာထက် ခက်ခဲလွန်းနေတယ်..

ရှောင်ကျန့် ပြောစရာရှိတယ် ဆိုတာ ဒါလား..
ထူးထူးခြားခြား မနက်စာတွေ ထလုပ်ပေးနေတာ ဒါကြောင့်လား..

မဟုတ်ဘူး..
အဲလို မဖြစ်ရဘူးလေ.. ။

" ရိပေါ်.. လွှတ် "

အိပ်ခန်းထဲရောက်တာနဲ့ ရိပေါ်က တံခါးကိုဆွဲလို့ပိတ်တယ်..
ရှောင်ကျန့်ဘက် မျက်နှာချင်းဆိုင်တော့ ဆွဲကိုင်လာမိတဲ့ လက်ကောက်ဝတ်ကို အဲဒီလူက အတင်းရုန်းနေပြန်တာ..

" ကော... "

မလွှတ်ပေးဘဲ အားကိုဖြေလျော့လို့ နောက်လက်တဖက်ကိုပါ ရိပေါ်က အညင်အသာဆွဲယူမိတယ်..
ခပ်တိုးတိုးခေါ်မိတဲ့အခါ မော့ကြည့်လာတဲ့မျက်ဝန်းတွေနဲ့အတူသူ့လက်ထဲက ရုန်းကန်အားလေးကလဲ တစစလျော့ကျလာတယ်..

" ကော..မလိုက်သွားပါနဲ့လား "

ခဏလေးဖြစ်ဖြစ်တောင် သူမခွဲချင်ပါဘူး..
အားကျန့်ကို ခဏထည့်ပေးလိုက်ပါလား ဆိုပြီး ကျန်းလီကျဲက သူ့ကိုအားနာသလို ခွင့်တောင်းပေမယ့်လဲ ရိပေါ်က မလွှတ်ချင်တာ အမှန်..

Before I Let You GoWhere stories live. Discover now