(၀မ့်ကျီးဘေးက ကုန်းကုန်းက ရာထူးအမြင့်ဆုံးပါနော်။
ကုန်းကုန်းတွေကလည်း အဆင့်အလိုက်ရှိတယ်လို့မှတ်ပေးပါ။
ကုန်းကုန်းတွေရဲ့ ပုံစံကိုတော့ကို့ရဲ့မျက်နှာလေးတွေနဲ့ကို
ပုံဖော်ဖတ်ကြပေါ့....😌😌)

"ဝေ့ရင်း....ဝေ့ရင်း...ဘာလို့
ဒီလောက်တောင်အသက်ပြင်းရတာလဲ..
ကုန်းကုန်း...အထုတ်တွေပြင်။
မင်းကြီး အုတ်ဂူသွားမယ်လို့ဝမ့်ကျီးကို
လျှောက်တင်ပြီး ဆရာကြီးဆီသွားရအောင်.."

"ဟို...မယ်မယ်...ဆရာကြီးဆီကိုပဲ
ထပ်သွားမလို့လား...ဟိုတစ်ခေါက်က
ဆရာကြီးပေးတဲ့ ရှောင်ယန်းဆေးမြစ်တွေကို
မယ်မယ့် ကျန်းမာရေးအတွက်သုံးမယ်လို့ညာပြီး
ဝေ့ရင်းကိုသွားတိုက်ထားသေးတယ်လေ.."

"အေးလေ..အဲ့တော့ဘာဖြစ်လဲ..
အဲ့တစ်ခေါက်ကဆေးနည်းသွားလို့ ဝေ့ရင်း
မသေတာနေမှာပေါ့။အခုတစ်ခေါက်
များများတောင်းရမယ်..."

"ဟို...ဟိုတစ်ခေါက်ကဆေးတွေကလည်း
မကုန်ဘူးမဟုတ်ဘူးလား.."

"အင်း...အဲ့ဆေးကို အင်းကွက်နဲ့ရောပြီး
ဝမ့်ကျီးအဆောင်တော်ထဲက နေ၀င်ပန်းချီကားရဲ့
အနောက်က လှို့ဝှက်အံထဲမှာ
ထည့်သိမ်းထားတယ်။
သိသွားခဲ့ရင်တောင်သက်သေ ရှိမှလေ။
လူဆိုတာ သူ့အနီးဆုံးကို လျစ်လျူအရူဆုံးပဲ.."

အကွက်ကျလွန်းတဲ့ မိဖုရားကြီးက စေ့စပ်လွန်းပါတယ်။
ကျောချမ်းစရာ အပြုမူတိုင်းက
ဝေ့ရင်း တစ်ယောက်တည်းအတွက်သာ။

သူမပြောခဲ့ဖူးသည်က
' ဝေ့ရင်းသေရင် ငါအေးချမ်းပြီ 'ဆိုသည်ထိပင်။

ထိုမျှလောက်မုန်းတီးမှုတွေက
အချစ်ကြာင့်ဖြစ်ခဲ့သည်ဆိုရင်ကော
သူမကိုရက်စက်သည်ဟု
ခေါင်းစဉ်တပ်ကြအုံးမလား သိချင်မိသည်။

သူမနဲ့ ဝေ့မင်းကြီး ရဲ့အချစ်က
ထူးခြားဆန်းကျယ်ခဲ့သည်တော့မဟုတ်ပေမဲ့
ခပ်ရူးရူးနိုင်သည်ဟု ဆို၍ရသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်
လန်နိုင်ငံ လာတဲ့ ဝေ့မင်းကြီးကိုမှ
သူမစိတ်ဝင်စားခဲ့သည်။

နှစ်ယောက်လုံး အိမ်ထောင်ကိုယ်စီ
ရင်သွေးကိုယ်စီရှိနေပါလျက်
သူ့ အကြည့်တွေအောက်မှာ သူမနှလုံးသားက
အတုန်းအရူံး။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now