အပိုင်း(၄၅)
Start from the beginning
ဤသို့ဆိုသော်လည်း တည်တံ့သစ္စာသည် နေဝေသော်၏ချစ်ခြင်းမေတ္တာကို တားဆီးပိတ်ပင်ဖို့ရန် စိတ်ကူးနှင့်ပင်မတွေးရဲပေ...။ ဆုပ်လည်းစူး၊စားလည်းရူး အခြေအနေနှင့် ကြုံတွေ့နေရသည့်အပေါ် နေဝေသော်ကို မိမိတို့အခြေအနေကိုလည်း နားလည်အောင်ပြောဖို့ကိုသာ စဉ်းစားနိုင်တော့သည်။
"အခုဟာက ....မင်းတစ်ဘဝလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စမို့ပါ...အငယ်လေးရယ်..မင်းအတွက် မကောင်းတာသိသိကြီးနဲ့.ငါကဘယ်လို မင်းဆန္ဒကို ထောက်ခံပေးနိုင်မှာလဲ...."
"မင်းဆိုရင်ရော...ဘယ်လိုလုပ်မှာလဲအစ်ကို...
မိဘတွေကိုတွေးပြီး ကိုယ့်အတွက်ကိုယ်တွေးပြီး ကိုယ့်ရင်ကိုယ်ပြန်ခွဲပစ်မှာလား...."
"အေး.....ငါသာဆိုရင် မင်းလိုပဲဖြစ်မိမှာပါပဲ...
ဒါပေမယ့် အခုမင်းနဲ့ငါ့ရဲ့ အခြေအနေက တူမနေဘူး...အငယ်လေး...ငါကမင်းဘက်က ရှိနေတယ်ထား...တကယ်တမ်း ရင်ဆိုင်ရမှာက မင်းမိဘတွေနဲ့လေ...ဘေးလူဖြစ်တဲ့ငါက မိဘနဲ့သားသမီးကြားမှာ ဝင်ပါဖို့မဖြစ်နိုင်ဘူး..."
"အဲ့တာဆို ငါမင်းကို ပြောပြမိတာ အလကားပဲပေါ့..."
တည်တံသစ္စာတစ်ယောက် ပြောစရာစကားမဲ့ရသည်။ ထို့အပြင် ဘာမှဖြေရှင်းချက်မပေးရသေးခင် အခန်းထဲမှထွက်သွားပြီဖြစ်သော နေဝေသော်...။
ပုံမှန်အတိုင်းဆိုလျှင် အနောက်မှလိုက်ခေါ်ကာ ချော့မော့ပြောဆိုမိမည်ဖြစ်သော်လည်း ယခုတွင်တော့ ထားခဲ့သည့်အတိုင်းသာ ကျန်ရစ်ခဲ့ရသည်။
.
.
.
.
.
.
.
.
.
ဓာတ်လှေကားရှေ့တွင် အချိန်အကြာကြီး ရပ်နေခဲ့မိသည့် နေဝေသော်...။
တံခါးတစ်ချက်ပွင့်လာတိုင်း...ဝင်လာကြသူ၊ထွက်သွားကြသူများက သူ့ကိုတအံတသြကြည့်ရင်း တီးတိုးပြောဆိုသွားကြသည်။ မည်သူမျှတော့ ကိုယ်တိုင်ကိုယ်ကျ မပြောရဲကြ...။ရည်မွန်တစ်ယောက်သာ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေသော နေဝေသော်ကို အရေးတယူပြုလာပါသည်။
"ဒီမှာ ဘာလုပ်နေတာလဲဟင်...."
နေဝေသော်ကိုယ်တိုင်လည်း ဘာရပ်လုပ်နေမိမှန်းမသိ...။ ရည်မွန့်စကားကို ပြန်မဖြေဘဲ ဓာတ်လှေကားထဲ ဝင်သွားတော့မည် ပြုပြီးမှ အစ်ကိုဖြစ်သူကိုမကျေနပ်သည့် စိတ်ကလေးနှင့် စကားနည်းနည်းပြောမိသည်။