နှစ်ဆန်းတစ်ရက်နေ့
နောင့်အခန်းဝရံတာရှေ့က ပိတောက်ပင်ပျို၏ လက်ကျန်ပိတောက်ဖူးတို့သည် ညကရွာသည့်မိုးကျေးဇူးနှင့် အစွမ်းကုန်ပွင့်အာနေလေ၏။ လေအဝေ့မှာ ပိတောက်ရနံ့က သင်းပျံ့နေသည်။
ပိတောက်ရနံ့တွေကြောင့် အိပ်ပျော်နေတဲ့နောင်တစ်ယောက် လူးလွန့်လာသည်။ နိုးတဝတ်အိပ်မက်တွေနဲ့ ပိတောက်ရနံ့တို့ လွန်ဆွဲတဲ့အခါ နောင်ချစ်သည့်ပိတောက်တွေကသာ အနိုင်ယူသွားလေ၏။ မျက်နှာတောင်မသစ်အားဘဲ ဝရံတာဆီ အပြေးအလွှားရောက်သွားမိသည်။ သူ့ပိတောက်တွေ ပင်လုံးကျွတ်ဝေနေသည်ပဲ။
တစ်စုံတရာကိုတွေးမိတော့ အပင်အောက်ကိုအမြန်ငုံကြည့်မိသည်။ မိနိုးတို့မနိုးကြသေးဘူးပဲ။ ဟူး..... တော်သေးတာပေါ့။ မဟုတ်ရင် သူ့ပိတောက်ပင်လေး အမဲဖျက်ခံရမည်မှာ အသေအချာ။ နိုးနိုးတို့ မနိုးခင် ခပ်မြန်မြန်ပင် ရေချိုးခန်းထဲပြေးဝင်လိုက်သည်။
ဒီနေ့ဘုန်းကြီးကျောင်းသွားကာ သီလယူ၊တရားနာမည်မို့ တစ်ခါထဲရေချိုးထားလိုက်သည်။
ဘုန်းကြီးကျောင်းကိုသွားဖို့က စောသေးသည်မို့ သရီးကွာတားဘောင်းဘီတိုခဲရောင်နှင့် တီရှပ်အနီလေးသာဝတ်ထားလိုက်သည်။ ပြီးတာနဲ့ အောက်သို့ပြေးဆင်းခဲ့လိုက်သည်။သူထင်တဲ့အတိုင်းပါပင်။ မချောသုံးယောက်က သူ့အခန်းဆီမော့ကြည့်ရင်း ကုပ်ချောင်းချောင်းဖြင့် တံချူကြီးကိုင်ကာ ချီတက်လာကြသည်။ သိကြသေးတာပေါ့ကွာ။ သူ တိတ်တဆိတ်နှင့် အနောက်ကအသာကပ်လိုက်သွားပြီး အနားရောက်မှ အော်မေးလိုက်သည်။
"အဲ့တာ ဘာလုပ်နေကြတာတုန်း"
"ဟဲ့...ပလုပ်တုတ်..."
"အမလေးတော့..."
"အမေရေ..."
တစ်ယောက်တစ်မျိုး အော်လိုက်ကြပုံက မသိရင် သရဲမြင်တဲ့အတိုင်း။
"ကိုနောင်ပါလား ဟဲဟဲ..."
မိဝါရဲ့ မျက်နှာချိုသွေးပုံ။
"ကိုကိုက အစောကြီးနိုးနေတာလား ဟီးဟီး..."
နိုးနိုးရဲ့ အပြော။ လင်းဖြူကတော့ သွားသုံးဆယ်နှစ်ချောင်းပေါ်အောင် ရယ်ပြနေ၏။
YOU ARE READING
ပိတောက်သက်သေတည် ( Completed )