အပိုင်း ၃

260 33 25
                                    

သင်္ကြန်အကြက်နေ့

နောင်တို့မိသားစုရဲ့ စတုဒိသာအလှူနေ့။ ဘုန်းကြီးကျောင်းမှာ လာသမျှလူအကုန် ကြာဇံဟင်းခါးနဲ့ ဖျော်ရည် တိုက်သည်။ ထိုအလှူတွင် ကောင်းမြတ်နှင့်အတူ ထည်ဝါရော ပါလာ၏။ ကောင်းမြတ်တို့မိသားစုနှင့် ဘွားတို့က ရင်းနှီးတာကြောင့် ကောင်းမြတ်တို့ကလာကူကြသည်။

ထည်ဝါတစ်ယောက် မယောင်မလည်နဲ့ နောင့်အနားကပ်နေသည်။ ပုဆိုးနက်ပြာရောင်နှင့် ရှပ်လက်ရှည်အဖြူကို တံထောင်နားထိခေါက်ကာဝတ်ထားပုံက ထည်ဝါ့မျက်စိထဲ ကြည့်မဝဖြစ်နေ၏။ ထည်ဝါကိုယ်တိုင်လည်း ပုဆိုးအညိုရောင်နှင့် ရှပ်အဖြူကိုပင် နောင့်ပုံစံအတိုင်း အတုခိုးကာဝတ်ထား၏။ ဝတ်နေကျမဟုတ်တဲ့ပုဆိုးကြောင့် ခဏခဏပြင်ဝတ်နေရလို့ ကသိကအောက်နိုင်တာကလွဲပြီး အဆင်ပြေပါသည်။

"နောင်..."

စားပြီးတဲ့စားပွဲဝိုင်းတွေမှ ပန်းကန်တွေသိမ်းနေတဲ့ နောင့်အနားကပ်ကာ ခေါ်တော့ နောင်ကလှည့်ကြည့်သည်။

"ကျွန်တော် ပုဆိုးကျွတ်ကျတော့မယ် နောင်ရ။ လုပ်ပါဦး"

"ပြင်ဝတ်လိုက်လေကွာ။ ဒါလေးများ"

"ဒါလေးမဟုတ်ဘူး နောင်။ ကျွန်တော်တကယ်ဒုက္ခရောက်နေတာ"

"မင်း ပုဆိုးမဝတ်တတ်ဘူးလား"

"အင်း...ပုဆိုးဝတ်ပြီး ဒီလိုသွားလာလှုပ်ရှားမနေဖူးဘူး"

နောင် ပြုံးစိစိဖြစ်သွားသည်။ ဒီချာတိတ် တကယ်ကြီး အခက်တွေ့နေတာပဲ။

"ဒါနဲ့များ...ပုဆိုးဝတ်လာသေးကွာ"

"ဘုန်းကြီးကျောင်းလာတာလေဗျာ။ ပုဆိုးမဝတ်လို့ ဘာဝတ်ခဲ့ရမလဲ။ ပြီးတော့... ဒီလိုပြေးလွှားနေရမယ်မှန်း ကျွန်တော်သိပါ့မလား"

"ဘာလုပ်ပေးရမလဲပြော"

"ကျွန်တော့်ကို ပုဆိုးဝတ်ပေးပါ"

နောင် မျက်ခုံးတွေပင့်တက်သွား၏။
နောင်တို့စကားပြောနေသည့်နေရာက ပန်းကန်တွေဆေးသည့် မကျီးပင်ကြီးအောက်တွင်ဖြစ်သည်။ မကျီးပင်ကြီး၏ပင်စည်မှာ လူနှစ်ဖက်စာလောက်ရှိ၏။ ထိုမကျီးပင်နောက်သို့ ဆွဲခေါ်သွားပြီး ထိုချာတိတ်အား ပုဆိုးပြင်ဝတ်ပေးရလေသည်။

ပိတောက်သက်သေတည် ( Completed )Where stories live. Discover now