မျက်နှာနီရဲပြီးအသက်တောင်ရှူပါလေလားမသိတဲ့ရှောင်ကျန့်ပုံကိုကြည့်ပြီးစချင်လာတာနဲ့

"မင်းကိုင်ချင်ရင်တစ်နေ့လုံးကိုင်လို့ရတယ်နော် ကိုယ်ကဘာမှမပြောပါဘူး"

"ခင်ဗျား.. နှာဘူးကြီး တော်ပြီထတော့မယ်"

ပြောပြောဆိုဆိုထသွားတဲ့ရှောင်ကျန့်ကနောက်ကိုလုံးဝလှည့်မကြည့်တော့

"ဟေ့ ဘယ်သူကနှာဘူးလဲအသိသာကြီးနော် သူခိုးလေးရဲ့"

ရှောင်ကျန့်အောက်ကိုအမြန်ဆင်းကာ မျက်နှာမသစ်နိုင်သေးဘဲ

အမယ်လေး ရှက်လိုက်တာ ရှက်လိုက်တာ ဘာကြောင့်များအဲ့လူလည်စေ့ကိုသွားကိုင်ရပါလိမ့် အကျိုးနည်းလက်ရဲ့

ကိုယ့်လက်ကိုအားရပါးရရိုက်နေသောကောင်လေးကို အပေါ်ထပ်အိပ်ခန်းပြတင်းပေါက်မှပြုံးကြည့်နေသောကောင်လေးတစ်ယောက်လည်းရှိပေသည်။

.......................

ဆေးခန်းသွားတော့ရှောင်ကျန့်ကဝူချန်းကိုခေါ်သွားတယ် လမ်းတစ်လျှောက်စကားတစ်ပြောပြောနဲ့သွားနေတာဆေးခန်းရှေ့ကိုရောက်လာတော့ အရင်တစ်ခါလာဖူးတဲ့ငါးရိုးစူးတဲ့တစ်ယောက်နဲ့ လက်ကိုဆူးစူးတဲ့တစ်ယောက် သူတို့နှစ်ယောက်ကဆေးခန်းထဲကထိုင်ခုံမှာထိုင်နေကြတယ်

ရှောင်ကျန့်အနားသွားရပ်လိုက်ပြီးအရင်ဆုံးအကူ nurseမလေးနဲ့မိတ်ဆက်ပေးလိုက်သည်။

"ဆရာမ သူကမနေ့ကမှမြို့ကလာတဲ့ကျွန်တော့်သူငယ်ချင်းဝူချန်းတဲ့ သူလည်းဆရာဝန်တစ်ယောက်ပဲကျွန်တော့်ကိုလာကူတာလေ
ဝူချန်း သူ့နာမည်ကရှင်းယတဲ့ဒီရွာကပဲ ငါစရောက်တုန်းကသူကအများကြီးကူညီပေးခဲ့တာ။"

ရှောင်ကျန့်ကမိတ်ဆက်ပေးလို့ကြည့်လိုက်တော့ အသားဖြူဖြူပုပုသေးသေးလေးနဲ့ကောင်မလေးတစ်ယောက် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ချစ်စရာလေး ဆံပင်ကိုနှစ်ခွကျစ်ဆံမြီးကျစ်ထားပြီးချထားတဲ့ပုံလေးကအရုပ်ကလေးလိုပဲ

ဝူချန်းအငေးကောင်းနေလို့ရှောင်ကျန့်မှာချောင်းဟန့်ပြီးသတိပေးလိုက်ရတယ်

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now