ထိုင်နေရာကနေ သက်ပြင်းတစ်ခုနဲ့
ထလာတဲ့ဝမ့်ကျီးက ရှောင်ကျန့်နားကို
ဝင်ထိုင်ကာ ပေါင်ပေါ်တင်ထားတဲ့
လက်သေးသေးလေးနှစ်ဖက်ကို
ဆုပ်ကိုင်ရင်း

"မင်းသိလား...တိုင်းသူပြည်သားတွေဆိုတာ
ဘယ်တော့မှအလိုမပြည့်တဲ့
လောဘသားတွေပဲ။သူတို့အတွက်
မိဖုရားလိုရတာနဲ့...မင်းဆက်လိုရတာနဲ့...
မင်းသိလား...ငါဒီဘ၀မှာ
တကယ်မပျော်ဘူး...အဲ့တာကြောင့်
ငါသားသမီးလည်း အလိုမရှိဘူး...
ငါရှိနေတဲ့ကာလမှာ ငါသူတို့အတွက်
အကောင်းဆုံးဆိုတာထက်ပိုပြီး
လုပ်ပေးခဲ့မယ်။ပြီးရင် ချစ်ရတဲ့သူနဲ့
အတူတူသေပြီး နောက်ဘ၀ကို
ပျော်ပျော်ဘဲကူးချင်တယ်။
ကျန်ခဲ့မဲ့သံယောဇဉ်တွေနဲ့ နောက်ဆုံးဘ၀ကိုတောင်
ပျော်ပျော်ကြီးမထွက်သွားရတာမျိုး မဖြစ်ချင်ဘူး။
ပြီးတော့ ....ငါ့ရဲ့သွေးသား
ဖြစ်လာမဲ့ ကလေးကို
ချူပ်နှောင်ခံရတဲ့သူလဲ မဖြစ်စေချင်ဘူး။
ငါ့သွေးသားဖြစ်လာရင် ငါ့တာဝန်
ထမ်းဆောင်ရတော့မှာ။
ဒီတော့...သူ့ဘ၀ကို မြုပ်ပြစ်လိုက်ရတဲ့
ခံစားချက်မျိုးလည်း မရှိစေချင်ဘူး။
ငါသူတို့အပေါ် ကောင်းပေးခဲ့ပြီးရင်
ဒီလောက်တော့ အတ္တကြီးလို့ရတယ်မလား။
တစ်ဘ၀လုံး တိုင်းပြည်တွက်ပေးဆပ်ထားပြီး
နောက်ဆုံးထွက်သက်လေးတော့
တစ်ကိုယ်ကောင်းဆန်ချင်တယ်..."

ညိုမှိုင်းတဲ့ မျက်ဝန်းတွေက
အရာရာကိုဆုံးရူံးထားရသည့်
လူငယ်တစ်ယောက်ရဲ့ နောင်တတွေအပြည့်။

ရှောင်ကျန့် ၀မ့်ကျီး ပါးပြင်ကို
စိတ်အလိုရ ထိကိုင်မိပြီး
ဖွဖွလေး လက်မသုံးကာ ပွတ်ပေးနေမိသည်။

"တအားပင်ပန်းနေတာလား ...
ကျွန်တော်နားလည်ပါတယ်..ခင်ဗျားလိုပဲ
ကျွန်တော်လည်း လူငယ်ဘ၀ကို
ကောင်းကောင်းပျော်နေခဲ့ရတဲ့သူမဟုတ်ပါဘူး..."

ဝေ့ရင်းအဖြစ်မြင်နေရတဲ့ ၀မ့်ကျီးကတော့
အဓိပ္ပါယ်တစ်လွဲကောက်ပေမဲ့
ရှောင်ကျန့် ၀မ့်ကျီးကိုသာ
တင်းနေအောင်ပွေ့ဖက်မိသည်။

*ခင်ဗျားသာ ရိပေါ်ဆိုကောင်းမှာပဲ...
ကျွန်တော်တို့ ခံစားချက်ခြင်း
ဖလှယ်လို့ရတယ်...ဒါမှမဟုတ်
ကျွန်တော်ဝေ့ရင်းဖြစ်ချင်တယ်...
ပြုမူနေတာ ရှောင်ကျန့်ဆိုရင်တောင်
ဝေ့ရင်းဆိုတဲ့ အသိလေးနဲ့တင်
ခင်ဗျားပျော်အောင်သူက
ထားနိုင်လို့....*

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now