ပါးစပ်ကနေလည်းပြောရင်း အဝတ်တစ်စုံကိုပါ ခပ်သွက်သွက်လေးထုတ်ပေးလိုက်တာကြောင့် လူစိမ်းက ကျေးဇူးတင်စကား ပြောကြားတယ်...။ ခေါင်းလုံအောင်ဆောင်းထားတဲ့ သားမွှေးဝတ်ရုံကို ဆွဲချွတ်လိုက်တော့မှပဲ ထိုသူရဲ့မျက်နှာက ရှင်းလင်းစွာပေါ်ထွက်လာတော့တယ်...။ ချောလိုက်တာ...။ တကယ်ဆိုဂျုံးကုတို့လို သာမန်အရပ်သားတွေထဲမှာ ဒီလောက်ချောမောတဲ့ရုပ်ရည်မျိုးက ရှားပါးလွန်းတယ်...။ ဂျုံးကုရဲ့အမေကတော့ တချိန်တုန်းက နန်းတွင်းသူဖြစ်ခဲ့တာကြောင့် ဂျုံးကုရဲ့ရုပ်ရည်မှာလည်း တခြားသူတွေနဲ့မတူဘဲ တမူထူးခြားကာ ချောမောနေခြင်းပင်..။ ဒီလူချောကရော နန်းတွင်းကပဲလားဆိုတာ အထင်ရောက်စရာပင်...။

"နားခိုခွင့်ပေးတာ ကျေးဇူးတင်ပါတယ်... ကျွန်တော်သွားရမယ့်နေရာက ဒီပုံအတိုင်းဆို ဘယ်လိုမှ ဆက်သွားလို့အဆင်မပြေနိုင်တော့ဘူး"

"ကျေးဇူးတင်စရာမလိုပါဘူး... အဖန်ရည်ပူပူလေး သောက်လိုက်ပါဦး... လက်ဖက်ခြောက်ကတော့ သိပ်အကောင်းစားကြီးမဟုတ်ဘူးပေါ့"

ခွက်ကိုလှမ်းယူတဲ့ သူ့ရဲ့လက်တွေက သွယ်လျပြီးလှပလွန်းတယ်...။ အဖန်ရည်ပူပူကို မှုတ်ပြီးသောက်နေတာကြောင့် သူ့ရဲ့ရှည်လျားတဲ့မျက်တောင်တွေကိုပါ လှမ်းမြင်နေရတယ်...။ နှာတံစင်းစင်းလေးထက်က မှဲ့နက်လေးသည်လည်း သူနဲ့သိပ်လိုက်ဖက်လွန်းသည်ပဲ...။ တစ်ဖက်လူကို မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီ သေချာအကဲခတ်နေမိပြီးမှ ဂျုံးကုသတိဝင်သွားခဲ့တယ်...။ ဒါက သိပ်ကိုရိုင်းပျတဲ့အပြုအမူပဲ...။

"ဒါနဲ့ အသင်က နန်းတွင်းကများလား...??"

ဂျုံးကုမေးလိုက်တော့ သူကပြုံးရင်းခေါင်းညိတ်ပြတယ်...။

"ဟုတ်ပါတယ်... ကျွန်တော်က ကုန်သွယ်ရေးကို အဓိကတာဝန်ယူထားရတဲ့သူပါ... နာမည်က ထယ်ယောင်းလို့ ခေါ်ပါတယ်"

"ဟုတ်ကဲ့... ကျွန်တော်က ဂျုံးကုပါ"

ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူနဲ့အပြောအဆိုတွေကြောင့် သူက ပညာတတ်တစ်ယောက်ဖြစ်မယ်ဆိုတာကိုလည်း ဂျုံးကုအကဲခတ်မိပြန်တယ်...။ သာမန်ပြည်သူတွေအတွက်ကတော့ မြို့ထဲမှာ စာသင်ကျောင်းတစ်ကျောင်းသာရှိပြီး တချို့သောအတွေးတိမ်တဲ့မိဘတွေက မိမိတို့ရဲ့ကလေးတွေကို စာသင်ကျောင်းပို့ရမှာကို အပိုအလုပ်လို့ထင်တတ်ကြတယ်...။ ဂျုံးကုကတော့ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူရဲ့သင်ကြားပေးမှုကြောင့် စာရေးတတ်ဖတ်တတ်ပါတယ်..။

❄Ice Dynasty❄ (Completed) Where stories live. Discover now