"ညီ ဖန်တီးသော Love Story" အပိုင်း (၁၁)

248 24 1
                                    


(၁၁)

"မေသံသာပါ"

သူ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါသည်။ ကျွန်တော်နှင့်မေတို့ ချိန်းဆိုကာ သူရှိသည့်နေရာကိုအ ရောက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းမြင်မှာကို အင်မတန်ကြောက်သည့်သူ့အနေဖြင့် နှစ်ယောက်တွဲရောက်လာခြင်းကိုတော့လက်ခံပါသည်။ ယုန်ထင်ကြောင်ထင်ဖြစ်စရာအကြောင်းမရှိဘူး ဟုယူဆပုံရသည်။ ရုံးဆင်းချိန်မို့ လူတစ်ချို့ကတော့ ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြလေသည်။ သူ့ နေရာ သူ့ရာထူးကိုတော့ အတော်များများကရှိန်ကြပုံပင်။ "အစ်ကို ပြန်ပြီခင်ဗျ၊ အစ်ကို ပြန်ပြီရှင့်" အစ ချီကာ ရိုရိုသေသေလေးလေးစားစားနှုတ်ဆက်သွားကြသည်။

လုပ်ငန်းခွင်ထဲတွင်တော့ သေသပ်ခန့်ညားစွာဝတ်စားထားသည်မို့ လူကြီးလူကောင်းတစ်ဦးဖြစ်မှန်းသိသာ နေပြီး ခရီးသွားစဉ်ကလူငယ်ပုံစံဝတ်စားဆင်ယင်ခဲ့သည်မို့ ယခုနှင့်ယှဉ်ပါလျှင် လူငယ်လေးတစ်ယောက် နှင့်တူနေခဲ့လေသည်။ လူကြီးလူကောင်းတစ်ဦး၏ ပုံစံကိုရော လူငယ်တစ်ဦး၏ပုံစံကိုရော ကျွန်တော် သဘောကျနှစ် သက်ခဲ့သည့်အပြင် စိတ်ကောက်စိတ်ဆိုးပုံကိုလည်းမေ့မရနိုင်ခဲ့ပါချေ။ သူလုပ်ကိုင်နေ သော ရာထူး၊ သူကျင်လည်နေရသောပတ်ဝန်းကျင်နှင့် ကျွန်တော် ဟိုတစ်နေ့ကတဇွတ်ထိုးဆန်မှုမှာ မည်သို့မျှမကိုက်ညီ ၍ သူရှက်နေလိမ့်မည်ဟုလည်းတွေးတော့တွေးခဲ့မိသားပင်။ သို့သော်လည်း သဝန်တို စိတ်ဆိုသည်မှာ မသိစိတ်ကငုပ်လျှိုးထွက်ပေါ်လာခဲ့သော ဉာဉ်ဆိုးမို့ထိန်းသိမ်းရအတော်ပင်ခက်လှသည်။

မျက်လုံးခပ်မှေးမှေးဆိုသော်လည်း တောက်ပရွှန်းစိုသည်ဟုသတ်မှတ်ရမည့် မျက်လုံးအမျိုးအစားကိုပိုင် ဆိုင်ထားပါသည်။ မေက သူနှင့်တွေ့ရန် ကျွန်တော့ထက်ပိုပြီးတက်ကြွနေခဲ့လေသည်။ ချစ်သူတစ်ဦးအ ဖြစ် အနားမှာရှိနေပေးခဲ့သည့်အပြင် သူငယ်ချင်းကောင်းတစ်ယောက် အစ်မတစ်ယောက်အဖြစ်ရှိနေရန် ပါ တက်ကြွခဲ့သောမေ့ကို ကျေးဇူးတင်၍မဆုံးပေ။

"ချစ်သူက ဂေးသွားတော့လည်း မိဘပေးစားတဲ့သူကိုယူပြီး တစ်နယ်တစ်ကျေးပြောင်းရတော့မှာပေါ့" ဟု သူ့ဆီလာမတွေ့ခင် ခပ်နောက်နောက်ရင်ဖွင့်ပါသည်။ မေတို့မိဘအသိုင်းအဝိုင်းက တောင်းဆိုထားသည့် အဆိုပြုထားသည့်သူကိုရွေးချယ်ပြီး လက်ထပ်ရန်စီစဉ်တော့မည်ဟုဆိုခြင်းပင်။

ညီ ဖန်တီးသော Love StoryWhere stories live. Discover now