"ညီ ဖန်တီးသော Love Story" အပိုင်း (၇)

283 28 1
                                    


(၇)

တကယ်တမ်း ရောက်လာသည့်အခါ လူ ၆ ယောက်သာရှိလေသည်။ ရန်ကုန်၏ လူနေမှုဘဝသည် သူ အားလျှင်ကိုယ်မအား ကိုယ်အားလျှင်သူအချိန်မပေးနိုင်သည့်အနေအထားများသည်မို့ တစ်ခုခုချိန်းဆိုပါ က အဆင်မပြေသည်ကများသည်။ ဇွဲကပင်တောင်တက်ခရီးဖော်အားလုံးမလာနိုင်သော်လည်း တော် တော်များများရောက်လာသည့်အတွက် ကျွန်တော်ချိန်းဆိုပေးမှု အထမြောက်သည်ဟုဆိုရပေမည်။

မေမီ့ဆီကိုတစ်ဆင့်ဆက်သွယ်ကာ အားလုံးဆုံရအောင်ချိန်းဆိုခဲ့ခြင်းပင်။

"အေး ခရီးမသွားရင်တော့ နင်သိတဲ့အတိုင်းပဲ၊ လူစုံဖို့ဆိုတာတော့မသေချာဘူး ငါရအောင်တော့ကြိုးစား ကြည့်ပေးမယ်၊ နေပါဦး သူက ဘာလို့မုန့်ကျွေးချင်ရတာလဲ"

"အားလုံးကိုခင်မင်မှုအထိမ်းအမှတ်နဲ့တဲ့"

"အော် အေး၊ စားရသောက်ရတာပေါ့"

ကျွန်တော်ကတော့ သူနှင့်တွေ့ရမည့်အရေးသာကြီးစိုးနေလေသည်။ ကိုယ့်ကိုကိုယ်လည်း ငါထူးဆန်းလှ ပါလား ဟုတွေးမဆုံးနိုင်အောင်ပင်။ ချစ်သူရည်းစားထက်ပို၍ အရေးကြီးနေသောသူ မိဘများထက်အရေး ကြီးနေသောသူ။ ဘာကြောင့်များ အချိန်ခဏအတွင်းလွှမ်းမိုးနိုင်ခဲ့ရသလဲမပြောတတ်တော့ပါ။

သူနှင့် ကျွန်တော် တွေ့ဆုံခဲ့ရသည့်နာရီက သိပ်မရှိလှသော်လည်း ထိုတဒင်္ဂအခိုက်အတန့်ကိုလွမ်းလှ သ တိရလှပြီး သူနှင့်ထပ်မံတွေ့ဆုံချင်စိတ်များတဖွားဖွားပေါ်လာနေခဲ့တော့သည်။ ကိုယ်ပိုင်ဆိုင်သောအချိန် တော်တော်များများတွင် သူ့အကြောင်းတွေးနေမိတတ်သည်။ ကိုယ့်ထမင်းကိုယ်စားပြီးသူ့အတွက်စိုးရိမ် ပေးမိသည်။ အရာရာတိုင်းတွင် သူလွှမ်းမိုးနေမှုကို အချစ်ဟုခေါ်မည်ဆိုပါလျှင် လက်ရှိတွဲနေသည့်ချစ်သူ ကရော ကျွန်တော်မချစ်ဘဲတွဲခဲ့လေသလားဟုတောင်သံသယဝင်မိပြန်လေသည်။

ချိန်းဆိုသည့်နေ့က အားလုံးထက်အရင် ကျွန်တော်ကကြိုတင်ရောက်နေခဲ့သည်။ လူ ၁၀ ယောက်စာဝိုင်း ကို စီစဉ်ထားပေးပြီး သိပ်မကြာခင်တွင်သူရောက်လာသည်။ တကယ်ဆိုပါလျှင် ကျွန်တော်ကသူရှိရာဆီ သွားကြိုပြီးအတူတူလာသင့်သော်လည်း ခရီးဖော်ထဲမှ တစ်ယောက်ယောက်များကြိုရောက်နေခဲ့လျှင် အ မြင်မကောင်းဟု ကြံကြံဖန်ဖန်တွေးမိပြန်ကာ ကိုယ့်အစီအစဉ်နှင့်ကိုယ်လာခဲ့ကြခြင်းပင်။ သူကလည်းသူ့ ကိုလာကြိုဖို့ ကျွန်တော့ကိုတစ်ခွန်းမှမဟခဲ့။

ညီ ဖန်တီးသော Love StoryWhere stories live. Discover now