Arc 2 Summary

2.9K 247 13
                                        

male lead name ကျိုးဟန်
female lead name မန်မန်
ဒုတိယဇာတ်လိုက် စစ်ဝူ ( စစ်ဝူ )

ဤကမ္ဘာသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လိုပင် ဇာတ်လိုက်နှင့် ဇာတ်လိုက်မ၏
ကျောင်းတွင်းအချစ်ဇာတ်လမ်းလေးဖြစ်သည်။
ဇာတ်လိုက် ကျိုးဟန်သည် အလွန်မာနကြီးသော သူဌေးသားဖြစ်ပြီး
ဇာတ်လိုက်မ မန်မန်သည် ဆင်းရဲကာစိတ်ထားကောင်းမွန်သည့်
မိန်းမပျိုလေးဖြစ်သည်။

စစ်ဝူ ၀င်ရမည့်ခန္ဓာကိုယ်ပိုင်ရှင်နာမည်သည်လည်း စစ်ဝူပင်ဖြစ်ကာ ဒုတိယဇာတ်လိုက်ဖြစ်ပေ၏။
စစ်ဝူသည် ကျိုးဟန်နှင့်သူငယ်ချင်းကောင်းလည်း ဖြစ်သည်။
တစ်နေ့ ဇာတ်လိုက်မကို အခန်းထဲမှ တခြားမိန်းကလေးများက ၀ိုင်းအနိုင်ကျင့်ကြသည်ကို စစ်ဝူမှ ၀င်ကူညီရာမှ မန်မန် (ဇာတ်လိုက်မ)နှင့်ရင်းနှီးသွားခဲ့သည်။

စစ်ဝူက မန်မန်ကို ကျိုးဟန်နှင့်မိတ်ဆက်ပေးခဲ့သည်။
စစတွေ့ချင်းမှာပင် မာနကြီး သူဌေးသား ကျိုးဟန်က သူ့စည်းစိမ်၊ရုပ်ရည်အပေါ် စိတ်လှုပ်ရှားခြင်းမရှိသည့် မန်မန်အပေါ် စိတ်ဝင်စားသွားခဲ့သည်။
ထို့နောက် မန်မန် (ဇာတ်လိုက်မ)ကို တရားဝင်ပိုးပန်းတော့၏။

ပျော်ရွှင်ဖွယ်ရာဇာတ်သိမ်းဖြစ်သော်ငြား စစ်ဝူ(ဒုတိယဇာတ်လိုက်)
အတွက်မူ ဇာတ်သိမ်းကောင်းမဖြစ်ခဲ့ချေ။
အကြောင်းမှာ စစ်ဝူသည် ကျိုးဟန်ကို
စစတွေ့ချင်းကပင် ချစ်သွားခဲ့မိ၍ဖြစ်သည်။
သို့သော် အချစ်တို့ကို ကွယ်ဝှက်ရင်း ချစ်ရသူ ကျိုးဟန်၏
မင်္ဂလာဆောင်ပွဲသို့ အပြုံးမပျက်တက်ရောက်ခဲ့သည်။
သေဆုံးသွားသည့်တိုင် သူ့အချစ်တို့ကိုထုတ်မပြောခဲ့ချေ။

{ မှတ်ချက်။ ဇာတ်လိုက် စီးပွားရေးပြိုလဲတိုင်း နောက်ကွယ်မှ အရင်းအနှီးထုတ်ပေးကာ စီးပွားရေးမပြိုလဲအောင် ကာကွယ်ပေးခဲ့သူမှာ စစ်ဝူ ( ဒုတိယဇာတ်လိုက် ) ဖြစ်သည်။ }

စစ်ဝူ၏ဆုတောင်းမှာလည်း ရိုးရှင်းသည်။ သူ့ညီလေး စစ်မြန့်အား သူသေသည်အထိကာကွယ်ပေးရန်နှင့် ကျိုးဟန်ကို ကူညီထောက်ပံ့ပေးရန်သာ ဖြစ်သည်။

ဇာတ်အကျဉ်းကို စစ်ဝူ လက်ခံရယူပြီးသည့်နောက်တွင် ဤခန္ဓာကိုယ်ပိုင်ရှင် စစ်ဝူအား သနားမိသွားရသည်။

You've reached the end of published parts.

⏰ Last updated: Apr 10, 2020 ⏰

Add this story to your Library to get notified about new parts!

BONE-LAZY SYSTEM [ Owncreation ]Where stories live. Discover now