Arc 1

3.7K 342 21
                                        

[ Su Hua Note_ohh.well.Finally,I decided to start write this <3 .
Bright_Cold_Moon.Hope you like this. My friend. ]

စစ်ဝူလည်း black hole ကြီးအထဲဆွဲထည့်ခံရပြီးနောက် သောက်ကျိုးနည်းလောက်အောင် မှောင်မိုက်နေသည့်နေရာကိုသာ
ရောက်နေကြောင်း သတိထားမိသည့်အချိန်မှာ သူ့ဒေါသအရှိန်အဟုန်က မသေသေး။

" ချီးပဲကွာ ! " သွေးတစ်ပွက်ဘဲ အန်ချင်သလို ၊ မရှိတဲ့စားပွဲကိုပဲ ပြေးလှန်ချင်သလို။

မျက်လုံးတို့ကို မနည်းအားထုတ်ဖွင့်ပြီးချိန်မှာ သူ့ဘေးနား လာထိုင်တဲ့ လူတစ်ယောက်။ ခဏနေပါဦး ! ငါက ဘာကြောင့် သံကြိုးအကြီးကြီးတွေနဲ့
ခြေရော ၊ လက်ပါမကျန် အခတ်ခံထားရတာလဲ !

" မင်းအပြစ်ကို သိပြီလား ? "

* မင်းမေလင်းလိုက်။ ငါက အခုမှရောက်လာတာကို မေးခွန်းလာမေးနေတော့
သောက်ရမ်းစိတ်ချဉ်ပေါက်သွားပြီ။ ဆွဲထည့်လာတဲ့ ဟို system ကလည်း ဘယ်ချောင်ကပ်ပြီးသွားသေနေတာလဲမသိ။ *

{ မင်္ဂလာပါ။ သင့်အတွက် အချိန်ပြည့်အမြဲဖြေကြားပေးမဲ့ system အချောလေး
ရောက်ရှိလာပါပြီ။ }

* အေး။ ရောက်လာပေလို့သာဘဲ။ ပြောပါဦး။ အခုအခြေအနေက ဘာကြီးလဲကွ ! *

{ Host မြင်တဲ့အတိုင်းဘဲလေ ။ အဖမ်းခံထားရတာ။ }

* အေး။ အဖမ်းခံရတာတော့ မင်း ပြောမှ ငါသိမှာလားကွ။ data အချက်အလက်တွေတော့ ပို့မယ်မရှိဘူး။ အားနေ သေနေလိုက်။ *

{ ကျွန်တော်လည်း မသိဘူးလေ။ host ကမစ်ရှင်တွေထမ်းဆောင်ရမှာကို
ကျွန်တော့် လာမေးနေတယ်။ }

*ေ_ာ system ! ဘာလုပ်ရမှာလဲ မပြောဘဲ ငါက ဘယ်မစ်ရှင်တွေ သွားထမ်းဆောင်ရမှာလဲ ။ *

{ ကျွန်တော်တို့ System နာမည်ကိုက bone-lazy system လို့ host ကို
မိတ်ဆက်ပေးနှင့်ပြီးသားလေ။ ဘာမှလုပ်စရာမရှိဘူး။ }

* ဘာ ! ဒါဆို ငါ့ကိုဘာလို့ခေါ်လာသေးလဲကွ ! ချီးဘဲ။ *

{ ခဏလေး။ ဋ္ဌာနချုပ်ကို ကျွန်တော် မေးကြည့်လိုက်ဦးမယ်။ host ဘာလုပ်ရမှာလဲလို့။ }

* မေး မေး မြန်မြန်သာမေး။ မစ်ရှင်တွေ မြန်မြန်ထမ်းဆောင်ပြီးငါ့အိမ်ဆီ မြန်မြန်
ပြန်ရဖို့ဘဲ အရေးကြီးတယ်။ *

BONE-LAZY SYSTEM [ Owncreation ]Où les histoires vivent. Découvrez maintenant