Arc 1 Summary

3K 269 5
                                        

ml name ကျီဖန်
ml name ( စစ်ဝူ ) မူယောင်
cannon folder နဉ်

ဤကမ္ဘာသည် ml နှစ်ယောက် ချစ်ကျွမ်းဝင်ကြသည့်ကမ္ဘာမဟုတ်ဘဲ အရံဇာတ်ကောင်နှင့်ဇာတ်လိုက် ချစ်သွားကြသည့်ကမ္ဘာဖြစ်သည်။
ယခု စစ်ဝူ ၀င်ရမည့်ခန္ဓာကိုယ်ပိုင်ရှင်နာမည်မှာ မူယောင်ဟုခေါ်သည်။
ဇာတ်လိုက်ဖြစ်၍ အသက်အန္တရာယ်ဖြင့်ကြုံတိုင်း မသေ ၊ သို့သော်
သေတာထက်ပို၍ဆိုးသော ဇာတ်လိုက်၏ လိုက်ဒုက္ခပေး ၊ နှိပ်စက်မှုများကို
ခံရသည်။ နောက်ဆုံး မူယောင်သည် သူကိုယ်တိုင် သူ့ဖခင်ဆုံးခဲ့သော ဆေးရုံ၏
အပေါ်ထပ်မှ ကိုယ်တိုင် ခုန်ချလိုက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တော့သည်။

မူယောင်၏ဆုတောင်းက ရိုးရှင်းသည်။ သူက သူ၏ဘ၀ကို ဇာတ်လိုက်၏
ဒုက္ခပေးမှုတွေ မရှိဘဲ ငြိမ်းချမ်းစွာ ဖြတ်သန်းရလိုခြင်းသာ ဖြစ်သည်။

21 ရာစုခေတ်ဖြစ်သော်လည်း မူယောင်မှာ နဂါးတစ်ကောင်ဖြစ်သည်။
သို့သော်ငြား ကျီဖန်မှာ မူယောင်ထက်ပို၍အင်အားကြီးသော နဂါးဘုရင်၏သား
ဖြစ်သောကြောင့် မနိုင်ပေ။

နဉ်မှာ သားအိမ်ပါသည့် သာမန်လူဖြစ်သည်။ သူ့အား ကျီဖန်က အပြင်မှာတွေ့ရာမှ
စွဲလန်းပြီး အိမ်မက်မက်စေကာ တွေ့ဆုံခဲ့သည်။
သေးငယ်သော နဂါးတစ်ကောင်က တခြားနဂါးများကို စားကာ ကြီးမားသော နဂါးက
ယင်း သေးငယ်သော နဂါးကို စားသည်ဟု နေ့ပေါင်းများစွာ အိပ်မက်မက်ရာမှ
ထိုနဂါးကြီးကို နဉ်က မကြောက်တော့ဘဲ ချစ်လာခဲ့သည်။

ကျီဖန်က သူ၏မူလပုံသဏ္ဍာန်ကို နဉ် မကြောက်ရွံ့တော့မှန်း သိမှသာ
စတင်ချည်းကပ်ခဲ့သည်။

ဤသို့ဖြင့် နဉ်ကလည်း ပြန်ချစ်ကာ သက်ထက်ဆုံးတိုင် ပျော်ရွှင်စွာ နေသွားကြလေသတည်းပေါ့။

ဇာတ်အကျဉ်း ရပြီးတဲ့အခါမှာ စစ်ဝူ ပြောလိုတာက " Fuck "

" ဒီကောင်က ငတုံးလား ? ဇာတ်လိုက် ဒုက္ခပေးတာအမြဲခံနေရအောင်
ခန္တီးပါရမီနဲ့ ပြည့်စုံနေတာလားဟ ! ဇာတ်လိုက်ကလည်း မူယောင်က နဉ်ကို
ဒုက္ခပေးလို့ လိုက်နှိပ်စက်တယ်ဆို ထားပါဦး။ အခုဟာက မူယောင်ကို
တမင်သက်သက် လိုက်နှိပ်စက်နေတာကို ။ "

BONE-LAZY SYSTEM [ Owncreation ]Where stories live. Discover now