မိမိ:"........."* တယ်ကောင်းတဲ့ သေချင်းဆိုး system ! ငါလေးကို ကာကွယ်ပေးမယ်တော့ မရှိဘူး ! *
Unicode Version
ကျောင်းဆေးပေးခန်းသို့ ရောက်တော့ ဆရာဝန်က စစ်ဝူ၏ခြေခေါက်လဲ၍လွဲသွားသော အကြောကို ပြန်တည့်ပေးကာ
ဆေးလိမ်းပေးနေ၏။
ထိုအချိန် စစ်ဝူညီလေးစစ်မြန့်ကား သူ့အစ်ကိုသတင်းကြားကာ ကျောင်းဆေးခန်းသို့
အပြေးအလွှားလာတော့သည်။
" GeGe ! ထိခိုက်မိတယ်ဆို ! အဆင်ပြေရဲ့လား ! "
စစ်ဝူ အနည်းငယ်နာကျင်ပါသော်ငြား ပြုံးကာ အဆင်ပြေကြောင်း သဘောပြသည့်အနေဖြင့် ခေါင်းကိုသာ ညိမ့်ပြလိုက်မိ၏။
သို့သော် စိုးရိမ်ပူပန်ကာသ၀န်တိုသည့်အကြည့်တို့ဖြင့် ဘေးနား၌ကြည့်နေသော တစ်စုံတစ်ယောက်ကိုတော့ မသိခဲ့ပါလေ ~
ကျောင်းဆေးပေးခန်းအပေါက်ဝမှမိန်းကလေးများကား အပြုံးမင်းသားလေး
သက်သာရဲ့လားဟုသတင်းမေးချင်သော်ငြား သေစေလောက်သောအကြည့်ကို
လက်ခံရရှိနေရခြင်းကြောင့် မေးဖို့ရာ မ၀ံ့မရဲပေ။
||||||||||||
ခြေခေါက်သည့်ဒဏ်ရာမှာ တစ်ရက်နားလိုက်သည်နှင့်နာကျင်မှုလျော့ကျသွားပြီ
ဖြစ်သောကြောင့် စစ်ဝူ ကျောင်းကို စက်ဘီးလေးစီးကာသွားလိုက်၏။
အခန်းထဲ ၀င်သည်နှင့်တစ်ပြိုင်နက် ဇာတ်လိုက်မ မန်မန်ကို တခြားမိန်းကလေးများက ၀ိုင်းဝန်းအနိုင်ကျင့်နေကြသည်ကို
တွေ့ရတော့သည်။
{ System 001: Side mission:ဇာတ်လိုက်မမန်မန်ကို ယခုအနိုင်ကျင့်ခံရခြင်းမှ လွတ်မြောက်အောင်ကူညီပါ။ }
* မင်းဘိုးအေဘဲ။ ငါက နေရင်းထိုင်ရင်း ကူညီရအုံးမယ်။ *
" ဟေ့ မင်းတို့ သူ့ကိုအနိုင်ကျင့်တာ ရပ်လိုက်ကြစမ်း ! "
ထိုမိန်းကလေးများက စစ်ဝူ သူတို့ကို ဒီမိန်းမကြောင့် အော်လိုက်သည်ဟု
တွေးကာ ပို၍ပင်အမြင်မကြည်ဖြစ်ကြလေသည်။
YOU ARE READING
BONE-LAZY SYSTEM [ Owncreation ]
Fantasyပ်င္းပါတယ္ဆို ဒီ system ကငါ့ကို နွိပ္စက္ေနတာဘဲ! ပျင်းပါတယ်ဆို ဒီ system ကငါ့ကို နှိပ်စက်နေတာဘဲ! *Owncreation* *Not Myanmartranslation* Start Date_21.3.2020.
Arc 2 Part 4 End
Start from the beginning
![BONE-LAZY SYSTEM [ Owncreation ]](https://img.wattpad.com/cover/216366634-64-k347345.jpg)