ကျယ်လောင်သွားသော အာမေဋိတ်သံအဆုံး စစ်ဝူ ပြောစရာစကားတို့ ပျောက်ကွယ်ကုန်သည်။

{System 001 :Main Mission Open. Accept Male Lead's Love.}

* ချီးလိုမှဘဲ ! *

" ဆိုလိုတာ မင်းက ငါ့ကို အရင်ကတည်းက သဘောကျနေတာပေါ့ ? "

ကျိုးဟန်က ပြုံးပြီး စစ်ဝူရဲ့ခေါင်းကို သူ့လက်ဖြင့် ပုတ်လိုက်ကာ

" အင်း။ ကိုယ်မင်းကို သဘောကျ အာ မဟုတ်သေးဘူး။
ကိုယ် ဘယ်လိုပြောရမလဲ။ မင်းရဲ့အားသာချက်တွေ၊အားနည်းချက်တွေ အကုန်လုံးကို ကိုယ် လက်ခံပေးနိုင်တဲ့အထိ မင်းကို မြတ်နိုးတယ်။ "

ထို့နောက် ဘယ်လိုတုံ့ပြန်လာမည်မှန်း မသိနိုင်သည့် စစ်ဝူ၏စကားတို့ကို
မျှော်လင့်ချက် ကင်းမဲ့စွာ စောင့်စားနေမိသည်။

" မင်း ခံစားနိုင်လို့လား ? မင်း လက်ခံနိုင်လား ? ပတ်ဝန်းကျင်က အပြစ်ပြောလာမှာတွေ ၊ ငါတို့မိဘတွေက ငါတို့ကို ရွံသွားမှာတွေ ၊
မင်းအနာဂတ်ပါပျောက်ကွယ်သွားနိုင်တာ မင်း....မင်း တော်တော်နုံအတာဘဲ။ ကျိုးဟန်။ "

ကျိုးဟန်သည် ဘာမဆိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေသလို။

" ကိုယ် လက်ခံနိုင်တယ်။ မင်းသာ ကိုယ့်ဘေးနားမှာ ကိုယ့်လက်တွဲပြီး နေဖို့
အလိုရှိရင်ပေါ့။ စစ်ဝူ မင်းရဲ့ဆန္ဒကရော ? "

စစ်ဝူ ခေါင်းညိမ့်လိုက်သည်နှင့်တစ်ပြိုင်နက် မာနမင်းသား ကျိုးဟန်၏မျက်နှာပေါ်၌ သိသိသာသာပင် အပြုံးပန်းတို့ ဝေဆာလေတော့သည်။

တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကျိုးဟန်က စစ်ဝူလက်ကို ဆွဲကာ ရဲရဲဝံ့ဝံ့
နှစ်ဖက်မိဘထံ ဖွင့်ပြောခဲ့သည်။

နှစ်ဖက်မိဘလုံးမှ မိခင်များမှာ သတိလစ်သွားကြသဖြင့် အရေးပေါ်တောင်
ရောက်သွားကြရလေ၏။

အမွေဖြတ်ခံရသော်လည်း ကိုယ်ပိုင်ထူထောင်ထားသည့် လုပ်ငန်းတို့ ရှိသဖြင့်
နေဖို့၊စားဖို့ရာ မပူပန်ရပေ။ နောက်ဆုံး မနေနိုင်သည့် နှစ်ဖက်မိဘတို့ကသာလျှင်
သူတို့နှစ်ယောက်ကို အမွေဖြတ်ရာမှ ပယ်ဖျက်ပြီး ပြန်ခေါ်ကာ မင်္ဂလာပွဲကို
ပြုလုပ်ပေးရတော့သည်။

BONE-LAZY SYSTEM [ Owncreation ]Where stories live. Discover now