" ဟေ့ မင်း အဆင်ပြေရဲ့လား ? "

အသံကြား၍ မန်မန် ခေါင်းကိုမော့ကြည့်မိတော့ အခန်းထဲမှ အပြုံးမင်းသားလေး
စစ်ဝူက သူ(မ)ကိုကယ်တင်လိုက်မှန်း သိလိုက်ရသည်။

နေရောင်ခြည်ကဲ့သို့နွေးထွေးသော အပြုံးပန်းတစ်ပွင့်ကား မျက်နှာပေါ်၌တည်ရှိနေကာ သူ့ခန္ဓာကိုယ်မှအရောင်အဝါတို့ ဖြာထွက်နေသလို
မန်မန်အား ခံစားမိရစေ၏။

" ဟို....ကျေး.....ကျေးဇူးတင်ပါတယ်။ "

ရင်ထဲမှ နှလုံးခုန်သံကား တဒိတ်ဒိတ်။ စစ်ဝူကား တကယ်ချောမောသည်ဟု
မန်မန်စိတ်ထဲမှ တွေးရင်း သူ(မ)မျက်နှာမှာ နီမြန်းလာရတော့သည်။

" ရပါတယ်။ ငါက ဒီလိုအနိုင်ကျင့်တာတွေကို သဘောမကျလို့ပါ။ မန်မန် ။ "

oh god.စစ်ဝူက သူ(မ)၏နာမည်ကို သိနေသည်တဲ့လား။

စစ်ဝူကား မန်မန် ရင်ခုန်နေသည်ကိုလည်း မသိ ၊ သူ့ side mission ပြီးတာနှင့်
စာသင်ခုံသို့သာ ဦးတည်လိုက်တော့သည်။

ရုတ်တရက်ဆိုသလိုပင် ကျိုးဟန်က သူ့လက်ကို ဖမ်းဆွဲကာပြင်ပသို့ ခေါ်ဆောင်သွားမှုကြောင့် အူရားဖားရား လိုက်ပါသွားရသည်။

" မင်း ဒါ ဘာလုပ်တာလဲ ! "

" မင်း ဘာလို့သူများတွေကိုဘဲ ကြည့်နေရတာလဲ ?
မင်းက တကယ် တကယ့်ကို......."

တိုးတိမ်၍သွားသော စကားသံတို့အဆုံး နှုတ်ခမ်းနှစ်လွှာကား ထပ်တူကျသွားခဲ့ရသည်။

အနမ်းတစ်ပွင့်ကား ယောက်ျားနှစ်ယောက်ကြား ဖြစ်တည်လာခဲ့လေ၏။

စစ်ဝူကား မျက်လုံးပြူးမျက်ဆံပြူး။ ဤအခြေအနေ သူ့ကြောင့် ဖြစ်တည်လာရခြင်းကိုလည်း မသိနိုင်စွာ။

" ကိုယ် မင်းကို သဘောကျတာ မင်းဘာလို့ အခုထက်ထိ မရိပ်မိရတာလဲ။ အရူးလေးရဲ့။ "

* မင်းဘကြီးဘဲ ရူး ! ငါ့များ အရူးလေးဘာလေးနဲ့ ! *

" ဘာ ! "

BONE-LAZY SYSTEM [ Owncreation ]Where stories live. Discover now