part7-dating.....

1K 75 6
                                    

(Zawgyi)

ရှောင်းကျန့်တစ်ယောက်အစောကြီးနိုးနေသည်။ပုံမှန်ရုံးပတ်ရက်ဆိုဆယ်နာရီလောက်ထိအိပ်တတ်တဲ့သူကခြောက်နာရီလောက်ကတည်းနိုးနေသည်။ ဒီနေ့ရိပေါ်နဲ့ပစ္စည်းတွေသွားဝယ်ရမယ်မလား။
နိုးလက်စနဲ့ရေချိုးလိုက်တော့မယ်။

ထို့နောက် သူအကြိုက်ဆုံး J Chou ရဲ့ Love Confession သီချင်းကို speaker boxနဲ့ ဖွင့်ခဲ့ရင်းရေချိုးခန်းထဲဝင်လိုက်သည်။တစ်နာရီလောက်ကြာတော့အကုန်လုံးပြင်ဆင်ပြီးနေပြီ။သူဘာလုပ်ရမလဲ။ရိပေါ်လာဖို့ကနှစ်နာရီလောက်ကျန်သေးတယ်။ဒီတိုင်းစောင့်ရင်ပျင်းစရာကြီးပြန်အိပ်လိုက်ဦးမယ်။အားလုံးပြင်ဆင်ပြီးမှပြန်အိပ်တဲ့ယုန်ပေါက်။

Ring..Ring..

"ဟဲလို ရှောင်းကျန့်ပြောနေပါတယ်"

"ကျန့်ကော အိပ်နေတာလား၊ အဲဒါဆို ကျွန်တော်နောက်တစ်နာရီမှထွက်ခဲ့မယ်"

အမှန်က ရှေ့မှာရောက်နေပြီ။

"ရိ..ရိပေါ်လား ၊ကောအိပ်ပေါင်ဘူး နိုးနေပြီ၊ ကောဆင်းစောင့်နေမယ် ၊လာခဲ့တော့ "

မအိပ်ဘူးသာပြောတယ်အိပ်ချင်မူးတူးအသံလေး
နဲ့။

"ဟားဟား ဟုတ်ပါပြီကျန့်ကောရာ၊ ကျွန်တော်အောက်မှာရောက်နေပြီ"

"ဟုတ်လား လာပြီ လာပြီခနလေး ရိပေါ်
ကော ခုပဲဆင်းလာပြီ"

ခနနေတော့ ဆင်းလာတဲ့ သူ့ ယုန်ပေါက်လေး။ စပို့ရှပ်အဖြူပေါ်မှာအကွက်လက်ရှည်အဝါလေးဝတ်ထားပြီး အောက်က ဂျင်းဘောင်းဘီဒူးပြဲလေးနဲ့ သူ့ကျန့်ကောကဆယ်ကျော်သက်လေးအလားနုပျိုလတ်ဆတ်လို့။သူ့ကိုမြင်တော့မူပိုင်အပြုံးလေးနဲ့ယုန်သွားလေးပေါ်အောင်ပြုံးပြနေသည်။လက်ထဲမှာလည်းအထုတ်ကြီးတစ်ထုတ်နဲ့ ။

ရိပေါ်ကလည်းစပို့ရှပ်အဖြူပေါ်မှာအပေါ်ထပ်အနက်လေးနဲ့အောက်ကဂျင်းဘောင်းဘီဝတ်ထားပြီးပြိုင်ကားအဖြူလေးကိုမှီကရပ်နေသည်။အနီးနား
ရောက်မှကြည့်ဖြစ်တာ သူ့ယုန်လေးက ဆံပင်လေးတွေပွယောင်းယောင်းနဲ့ခုမှအိပ်ရာက
ထလာတဲ့ပုံလေး။သူရောက်နေပြီဆိုလို့အလောတ
ကြီးဆင်းလာပုံရတယ်။

I Wanna Grow Old With YouHikayelerin yaşadığı yer. Şimdi keşfedin