part36-I can't live without you

869 33 14
                                    

(Unicode)

"ရှောင်း..ကိုယ့်ကိုခေါ်တာဘာကိစ္စလဲ"

"အပိုတွေမပြောစမ်းနဲ့..ရှယ်ယာအစည်းအဝေးတစ်ခုလုံး ဗြောင်းဆန်နေအောင်လုပ်ထားမှတော့
ငါခေါ်တဲ့အကြောင်း မင်းသိပြီးသားပါ"

ထွက်လာတဲ့ အသံဖျော့ဖျော့လေးနဲ့ အရင်တစ်ခါနဲ့မတူ ရှောင်းပုံစံက သူ့ကို ​ကြောက်ရွံ့ခြင်းနည်းနည်းလေးမှမရှိ။ ရှောင်းကအဲလိုပါဆို သူ့ကလေးကိုထိတာနဲ့ ယုန်ဖြူလေးတစ်ကောင်ကနေ သားရဲတစ်ကောင်လား ပြောင်းလဲသွားတတ်တယ်။

"သြော်..ဒါနဲ့ ဝမ်ရိပေါ်ရော..နည်းနည်းလေး လှုပ်ခတ်မိကာရှိသေး..နေမကောင်းတဲ့ရှောင်းကို ပစ်ထားသွားတယ်ပေါ့"

"ရိပေါ်အကြောင်းမသိပဲမင်းဘာမှပြောစရာမလိုဘူး..ငါကိုယ်တိုင်အတင်းလွှတ်လိုက်တာ"

မျက်ခုံးတန်းလေးကို လက်ညှိုးနဲ့ ကုတ်ကာကလိပြီး ရယ်နေတဲ့ တာကာရှီကိုကြည့်ပြီး ရှောင်းကျန့်ပေါက်ကွဲလာတော့တယ်။

"ပြော..ရိပေါ်ဆီကမင်းဘာတောင်းလိုက်လဲ..
ရိပေါ်ကို မင်းဘာတွေအတင်းအကျပ်လုပ်လိုက်လဲ"

"ဘယ်လိုလုပ်မလဲရှောင်း..ဝမ်ရိပေါ်ကမင်းကို
သိစေချင်မယ်မထင်ဘူး၊ ကိုယ်ကလည်းစောင့်ထိန်းသင့်တာစောင့်ထိန်းရမယ်လေရှောင်းရယ်"

ပုခုံးကိုတွန့်လို့ လက်နှစ်ဖက်မြှောက်ပြတဲ့ တာကာရှီကိုကြည့်လို့ ရှောင်းကျန့်ဆွဲထိုးချင်စိတ်တဖွားဖွား။စောက်အောက်မှာထည့်ထားတဲ့လက်ကို တင်းတင်းဆုပ်လိုက်မိတယ်။

မဖြစ်ဘူး..။သူတာကာရှီကိုအပျော့နည်းသုံးမှာဖြစ်မယ်။ တာကာရှီကအချော့သိပ်ကြိုက်တာသူအသိဆုံး။

"တာကာရှီ..သူငယ်ချင်း..အဲလိုမလုပ်ပါနဲ့ကွာ..အဲလိုလုပ်တာမင်းနဲ့တကယ်မလိုက်ဖက်ဘူး...မင်းကအဲလိုလူမျိုးမဟုတ်တာငါအသိဆုံးပါ "

တာကာရှီတစ်ယောက်သဘောကျသလိုပြုံးမိသွားတယ်။ ရှောင်းက သူ့ကို အပျော့နည်းနဲ့ဆွဲ
ပြီဆိုတာ။

"အင်း. ရှောင်းတကယ်သိချင်တာလား"

မျက်လုံးလေးတွေလက်ခနဲဖြစ်သွားတဲ့ ရှောင်း..။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: May 06, 2021 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

I Wanna Grow Old With YouNơi câu chuyện tồn tại. Hãy khám phá bây giờ