part1-first meet...

4.1K 140 2
                                    

(Zawgyi)

ဒီနေ့wang groupတစ်ခုလုံးအလုပ်ရှုပ်နေကြ၏။
managerအသစ်ရောက်လာမှာဖြစ်သောကြောင့်
ကြိုဆိုဖို့ရှုပ်ရှက်ခက်နေကြသည်။

"ရှောင်းကျန့် ကျန်းချန် မြန်မြန်လာကြ၊ အစည်းအဝေးမှာပြမယ့်designတွေအပြီးသတ်
ပြီးသားမလား။ရှင်းပြဖို့မင်းတို့နှစ်ယောက်တာဝန်ယူလိုက်"

သူတို့နှစ်ယောက်ကိုမြင်တာနဲ့ဌာနမှူးအပြေးအလွှားရောက်လာပြီး တာဝန်ပေးတော့သည်။

ကျန်းချန်က ကြောင်တောင်တောင်နှင့်...

"ဒီနေ့ meeting မရှိဘူးလေဆရာ၊ မနေ့ကလည်းဘာမှမပြောလိုက်ဘူးလေ၊design တွေကလည်း အပြီးသတ်ဖို့ကျန်သေးတယ်လေ"

"ငါလည်း မနက်က အသစ်ရောက်မယ့် မန်နေဂျာအတွင်းရေးမှူးဖုန်းဆက်မှသိတာ၊ဒီနေ့ meeting မှာနောက်လထုတ်မယ့် shoe design ကြည့်ချင်တယ်တဲ့"

ကျန်းချန်ကကြောင်နေ၍ရှောင်းကျန့်ဝင်မေးလိုက်ည် ။

"Meeting ကဘယ်ချိန်လဲဆရာ၊ကျွန်တော် design တွေအပြီးသတ်ထားလိုက်ပါ့မယ်"

"ရှောင်းကျန့် မင်းရူးနေလား၊ ဟိုကောင်က လာတော့မှာ။ မင်းကဘယ်လိုလုပ်ပြီးမှာလဲ"

"ကျန်းချန်ရာ ငါ့ကိုယုံစမ်းပါ၊ မင်းက meeting roomထဲမှာပြင်ဆင်ထားလိုက်၊အားလုံးအပြီး
သတ်ပြီးငါလာခဲ့မယ်၊မနေ့ကငါအိမ်မှာအပြီးသတ်ထားတယ်၊နည်းနည်းပဲကျန်တော့တာ"

"ရှောင်းကျန့် ဆရာမင်းကို ယုံတယ်၊ meeting ကဆယ်နာရီမှ။ဆရာလည်းအချိန်ဆွဲထားပေးမယ်ဟုတ်ပြီလား"

ဒေါသအိုးကျန်းချန်က ခုန်ပေါက်နေပြီ။

"လာပါစေဦးဟိုကောင်၊စောစောစီးစီးပြောပါ့လား၊ညလောက်ကပြောရင်ပြင်ဆင်ထားရသေး၊ခုက
တစ်နာရီပဲလိုတော့တာကို၊အဲ့ကောင်ရူးနေတာမလား"

"ကဲပါ ကျန်းချန်ရာ သွားပြင်ဆင်ထားနှင့်၊ ငါစစ်ကျွေးနဲ့အလုပ်လက်စသတ်လိုက်ဦးမယ်၊
စစ်ကျွေးလာ....ကောနဲ့အလုပ်လက်စသတ်ရ
အောင်"

ကျန်းချန်ကိုပြောပြီးစစ်ကျွေးနဲ့အလုပ်စားပွဲနား
သွားလက်တော့ဖွင့်ပြီးdesignအချောသတ်ဖို့စ
တင်လိုက်သည်။

I Wanna Grow Old With YouHikayelerin yaşadığı yer. Şimdi keşfedin