အပိုင်း ၁

1K 53 20
                                    

နေရာအနှံ့အပြားမှ သင်္ကြန်သီချင်းသံတွေပျံ့လွင့်နေ၏။ နောင်တို့ရပ်ကွက်အတွင်း လမ်းထဲတွင်လည်း မည်သည့်အိမ်ကဖွင့်ထားသည်မသိသော တူးပို့တူးပို့သီချင်းသံက ကြားရသူအပေါင်းကို သင်္ကြန်ပိုးထစေသည်။

နောင်ကတော့ ဒီနှစ်သင်္ကြန်မှာ ဆယ်တန်းဖြေပြီးသွားသော ညီမတော်သုံးယောက်အား သင်္ကြန်တွင်းအနီးကပ်စောင့်ရှောက်ရမည် ဟူသော အဘွားထံမှ တစ်ချက်လွှတ်အမိန့်ရထားသည်။ ဒါတင်ပဲလားဆိုတော့မဟုတ်။ ရှိတဲ့သင်္ကြန်လေးရက်လုံး ထိုညီမ‌သုံးယောက်သွားချင်တဲ့နေရာမှန်သမျှ လိုက်ပို့ရမည့်တာဝန်က ‌နောင့်ခေါင်းပေါ်ရောက်လာသည်။

အရင်က ဒီလိုကိစ္စတွေကို နောင့်အစ်ကိုဝမ်းကွဲ ကိုကြီးစိုးကတာဝန်ယူရသည်။ အခုတော့ ကိုကြီးစိုးက မန်းလေးသူမမစောနှင့် အိမ်ထောင်ကျကာ ဇနီးရှိရာသို့ လိုက်သွားတော့ ထိုတာဝန်အလုံးစုံက နောင့်တာဝန်ဖြစ်လာ၏။

"ကိုနောင် ဘွားကခေါ်နေတယ်"

အိမ်ရှေ့တွင် အုန်းလက်မဏ္ဍပ်ဆောက်နေတဲ့သူ့ကို နိုးနိုးကလာခေါ်သည်။

"အင်း လာခဲ့မယ်လို့ ပြောလိုက်"

"ဟုတ် ကိုနောင်"

လှစ်ခနဲပြေးထွက်သွားတဲ့ နိုးနိုး။

သူလုပ်လက်စကို အပြီးသတ်ကာ ခြေလက်ဆေးပြီး ဘွားအခန်းထဲ ဝင်ခဲ့လိုက်သည်။
အမယ် နိုးနိုးတို့ အပျိုချောသုံးယောက်က ဘွားနားကပ်ပြီး ဘာတွေချွဲနေတယ်မသိ။

"ဘွား ကိုနောင်ရောက်လာပြီ"

ဝါဝါကသတင်းပို့သည်။

"သားနောင် လာခဲ့ ဒီနားကို"

ဘွားနားဝင်ထိုင်တော့ နိုးနိုးတို့ကနောက်ဆုတ်ပေး၏။
မျက်နှာတွေကတော့ ပြုံးစိစိနှင့်။ သူသိပ်မသင်္ကာ။

"ဘာလိုလိုနဲ့ မနက်ဖြန်ဆို သင်္ကြန်ရောက်ပြီပဲ။ ငါ့မြေးက အကိုကြီးမို့ ညီမတွေကို သေချာဂရုစိုက်နော် ကြားလား"

"ဟုတ်ကဲ့ပါ ဘွား"

"ပြီးတော့ သားညီမတွေက အခုမှ ဆယ်တန်းဆိုတဲ့တာဝန်ကြီးက လွတ်မြှောက်လာတာမို့ မချုပ်ခြယ်ဘဲ သူတို့စိတ်ကြိုက်ပျော်ပါစေ သားရယ်။ သားက ပိုဂရုစိုက်ပေးလိုက်ပေါ့"

ပိတောက်သက်သေတည် ( Completed )Où les histoires vivent. Découvrez maintenant