"ညီ ဖန်တီးသော Love Story" အပိုင်း (၁)

2.8K 64 1
                                    

(၁)

ကျွန်တော် စတင်သတိထားမိသည်က ကလေး၏မျက်လုံးများဖြစ်သည်။ တောက်ပရွှန်းစိုနေသည့် ထို ကလေးငယ်လေး၏မျက်လုံးများသည် ကျွန်တော်နှင့်တရင်းတနှီးရှိလှ၏။ ဖျတ်ခနဲ တွေးမိရင်းမှသည် သူ့မျက်လုံးများကိုပြေးမြင်လိုက်ပါသည်။ ဒါ အစ်ကိုပိုင်ဆိုင်ထားသောမျက်လုံးများနှင့်တူနေခဲ့သည်ပင်။

အစ်ကို ဟုတွေးမိလိုက်သည်နှင့် ကလေးကိုလက်တွဲထားသူအားကြည့်လိုက်မိပြန်သည်။ ထိုအခိုက်အ တန့်တွင်ကျွန်တော့ကမ္ဘာပြိုခဲ့လေ၏။

"အစ်ကို"

သူ့ကို ခပ်တိုးတိုးလေးရေရွတ်ရင်း မျက်လုံးချင်းမဆုံမိအောင် မျက်လွှာကိုချပစ်လိုက်ကာ ပင်လယ် ဘက် ဆီကိုလျှောက်လာခဲ့လိုက်သည်။ "ကျွန်တော်ဘယ်လိုလုပ်မေ့လို့ရမလဲအစ်ကို"။ သေချာလှပါ သည်။ ကျွန်တော်မြင်ခဲ့သည်က အစ်ကိုမှ အစ်ကိုအစစ်။ သူဟုသိလိုက်သည့်တဒင်္ဂမှစတင်ကာ သူ့ကို စိုက်မကြည့်တော့။ ဘာဝတ်ထားသည်လဲ၊ မျက်နှာအနေအထားဘယ်လိုပုံစံပြောင်းလဲသွားပြီလဲ အစရှိ သည့် ပုံပန်းသဏ္ဌန်ကို ကြည့်လိုသေးသည့်ဆန္ဒရှိသော်လည်း မကြည့်ဖြစ်ခဲ့ပါ။ ကျွန်တော့ရင်ဘတ်ထဲမှ မကျက် နိုင်သေးသော ဒဏ်ရာများတဆစ်ဆစ်နာလာသည်။ လုပ်ရက်လိုက်လေခဲ့ခြင်းဟူသည့် အပြစ် တင်မှုကြား မျက်ရည်များရည်ဝဲလာပါသည်။

"ဒါက မီးမီးကြည့်ကြည့်နေတဲ့ သိုင်းကားတွေထဲမှာ သိုင်းချတဲ့သူရဲ့တကယ့်လက်ရာအစစ်ပေါ့"

ဂျက်ကီချန်း၏လက်ရာပုံစံကို ကလေးငယ်ကိုရှင်းပြနေသည်။ ထိုကလေးက အလွန်ဆုံးရှိလှ ငါးနှစ် ခြောက်နှစ်အရွယ်ပေါ့။ ဂျက်ကီချန်းကိုသိမည့်အရွယ်မဟုတ်သလို ယခုနေရာသည် တကူးတက လာကြည့် နေကြသည့် အထင်ကရနေရာတစ်ခုဟုလည်း သေသေချာချာသိမည့်အရွယ်မဟုတ်ပါ။ ဂျက်ကီချန်းသည် ကျွန်တော်တို့မျိုးဆက်အရွယ်နှင့်သာ ရင်းနှီးကျွမ်းဝင်သည့်သူမဟုတ်ပါလား။ ကျွန် တော်နှင့် အစ်ကိုတို့ရှိ နေသည့်နေရာမှာ ခြေလှမ်းအားဖြင့်ဆယ်လှမ်းခန့်ဝေးကွာမည်မို့ အစ်ကို့အသံ ကိုကြည်လင်ပြတ် သားစွာကြားရပါသည်။ ကျွန်တော် ပင်လယ်ဘက်ဆီကိုလျှောက်နေရင်းမှပင် ပီပီ ပြင်ပြင်ကြားရခြင်းပင်။

ညီ ဖန်တီးသော Love StoryDonde viven las historias. Descúbrelo ahora