" ရိပေါ် "

" ဘာလဲ ဗျာ "

" ချစ်တယ် "

ကားက ရုတ်တရတ်ကြီး ခါရမ်းသွားတယ်..
မြို့တွင်းမဟုတ်ဘဲ အစွန်အဖျားလမ်းတွေမို့ ကားရှင်းနေပေမယ့် သတိမရှိထားတဲ့ ရှောင်ကျန့်ကတော့ မနည်းထိန်းလိုက်ရလေရဲ့ ..

" ရိပေါ်.. ဘာဖြစ်လို့လဲ.. "

" ကျစ်..ကွာ.. လက်တောင်တုန်တယ် "

ခပ်တိုးတိုးရေရွတ်တာမို့ ရှောင်ကျန့်မကြားလိုက်ပေမယ့် ရိပေါ်က သူ့ကို ဖြေတာမဟုတ်မှန်းတော့ သိနေတယ်..

" အဟမ်း... နှိပ်ပေး "

" ဟမ်... အင်း.. အင်း "

ရှောင်ကျန့်လက်တွေက ရိပေါ်ဂုတ်ဖြူဖြူလေးပေါ် ရောက်လာတော့ ရိပေါ်က တဖက်လှည့်ပြီး ခိုးပြုံးတယ်..
သက်သာတယ်ဆိုရလောက်အောင် အားမပါပေမယ့် အဲဒီလူရဲ့ ဂရုစိုက်မှုလေးမို့ သူ အခုနွေးထွေးနေတယ်..

" ရိပေါ်..သက်သာလား "

" မသိဘူး "

ရိပေါ် စိတ်ပြေပြီလို့ သူ ထင်ထားခဲ့တာ မဟုတ်ပုံပါပဲ..
နှိပ်နေရာကနေ ရိပေါ်လည်ပင်းအနောက်က မှဲ့လေးတွေကို ရှောင်ကျန့်က ခပ်ဖွဖွပွတ်ရင်း ငြိမ်နေတယ်..
သူ ဘယ်လိုချော့ရမှာလဲ မသိတော့ဘူး..

" ရိပေါ်.. "

" ပြော "

" ကောကို ရှေ့ကလမ်းချိုးမှာ ကားခဏရပ်ပေးပါလား "

အဲ့တော့မှ ရိပေါ်က သူ့ဘက် လှည့်ကြည့်လာတယ်.. တွန့်ကျုံ့နေတဲ့မျက်ဝန်းတွေကြောင့် ရှောင်ကျန့်က ဖြေရှင်းချက်အမြန်ထုတ်လေရဲ့..

" ကော..ကော်ဖီသောက်ချင်လို့ "

လှမ်းကြည့်လိုက်တော့ လမ်းဘေးက ဆိုင်ခန်း သေးသေးလေးတွေထဲ ထောင့်စွန်းက ကော်ဖီဆိုင်လေး..
ကားရပ်ပြီးတာနဲ့ ရိပေါ်က နောက်ခန်းထဲက ဦးထုပ်နဲ့ Mask ကိုလှမ်းယူတော့ ရှောင်ကျန့်က ကမန်းကတန်း တားလာလေရဲ့ ..

" ကောသွားဝယ်မှာ.. ရိပေါ်ဘာသောက်ချင်လဲ "

" အာ.. မဖြစ်ပါဘူး "

" ဖြစ်တယ်.. ဖြစ်ပါတယ်ဆို.. ကော အဲ့လောက်တော့ ရနေပါပြီ "

ဘာကိုရနေမှန်း မသိပေမယ့် စိတ်အားထက်သန်ပြနေတဲ့ သူ့ကျန့်ကောကို အလိုလိုက်ဖို့ကို မသိစိတ်က တွန်းအားပေးနေလေရဲ့..

Before I Let You GoWhere stories live. Discover now