မဟုတ်ပါ။
Unicode Version
[ S/H note_Today is my birthday.I am unhappy but update this. ]
ထင်ထားသည့်အတိုင်းလိုပင် ဘတ်စကတ်ဘောဆရာက သူတို့နှစ်ယောက်ကို
နောက်ကျမှ ရောက်လာလို့ဆူပြီးမှ သွေးပူလေ့ကျင့်ခန်းလုပ်စေပြီး
ကစားခိုင်းလေသည်။
" Ahh ! ငါ့ရဲ့မင်းသားလေးကျိုးဟန်ကတော့ ဘယ်အချိန်ကြည့်ကြည့် ချောနေလိုက်တာ ! ဒီမိန်းမ လောင်ကုန်းအတွက် အရမ်းဂုဏ်ယူတယ် ! "
ဇာတ်လိုက်ကျိုးဟန်ကို ဘတ်စကတ်ဘောကွင်းအတွင်းရှိ အတန်းငယ်မိန်းကလေးများက ဆူညံစွာ အားပေးနေကြသည်။
" ငါ့အပြုံးမင်းသားလေး စစ်ဝူကမှ ပိုချောတာဟဲ့ ! နင်တို့ရေခဲမင်းသားကျိုးဟန်က
တစ်ချိန်လုံး တည်တည်တံ့တံ့ကြီးနဲ့။ ယောက်ျားရေ ! ကျားယို့ ( ကြိုးစားထား ) ။
ဒီမိန်းမ အားပေးနေမယ် ! "
စစ်ဝူကို အားပေးကြသည့် fan girl တစ်သိုက်ကလည်း ကျိုးဟန်ရဲ့
fan girl တွေကို အနိုင်မပေးဘဲ ခွန်းတုံ့ပြန်ပြီး သူတို့မင်းသားလေး စစ်ဝူကို
အားပေးကြလေသည်။
စစ်ဝူတစ်ယောက် ဘတ်စကတ်ဘောသွင်းရန်အတွက် ခုန်ရင်းမှ ခြေခေါက်ကာ
လဲကျသွားတော့မည်အပြု ရုတ်ချည်းဆိုသလို ပွေ့ချီလိုက်လေသည့် ကျိုးဟန်။
ထိုအချိန်၌ တတိယ fan girl အုပ်စုက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကြတော့သည်။
အတိအကျအားဖြင့်ဆိုရသော် ကျိုးဟန်နှင့်စစ်ဝူကို ship ကြသည့်
အုပ်စုပင်ဖြစ်၏။
" Ahh ! ငါတို့ရဲ့ ကျိုးစစ် otp လေး ! "
ကျိုးဟန်ကတော့ သူများစကားတွေကို နားမ၀င်အားဘဲ သူ့ရင်ခွင်ထဲမှ စစ်ဝူကိုသာ
ကြည့်ရင်း " မင်းအဆင်ပြေရဲ့လား ? "
စစ်ဝူက မင်းသမီးလေးတစ်ပါးလို အပွေ့ခံထားရမှုကြောင့် စိတ်ညစ်မိသော်လည်း
တစ်ဖက်လူ စေတနာကို သိတာကြောင့် မငြင်းပယ်ချင်။
" ငါ အဆင်မပြေဘူး။ ငါ့ကို ကျောင်းဆေးပေးခန်းပို့ပေးပါလား။ မင်းကို
ကျေးဇူးတင်ပါတယ်။ "
ကျိုးဟန်က ပြုံးလိုက်ကာ " ဒါ ငါ့တာဝန်ဘဲကို။ ငါတို့ကြားမှာ ကျေးဇူးစကားမလိုပါဘူး။ " ဟုဆိုရင်း စစ်ဝူ၏နားသို့တိုးကပ်၍
" ငါ့ကို တကယ်ကျေးဇူးတင်ရင်လေ ~ ငါ့ကိုအနမ်းတစ်ပွင့်ပေးပေါ့ ~ "
စစ်ဝူမျက်နှာက ရဲခနဲဖြစ်သွားလေသည်။
တတိယ fan girl အုပ်စုကတော့ အကြောင်းသိစွာ ဒီအခြေအနေအား တိတ်တိတ်လေး စိတ်ထဲ ကြည်နူးလို့။
ကျိုးဟန်က သူ့ကိုပွေ့ချီ၍ခေါ်သွားတော့ မိန်းကလေးများက ပွက်လောထကာ
ကျန်ရစ်ခဲ့လေသည်။ ဒါကို သူတို့နှစ်ယောက် မသိသလို သိရင်လည်း ဂရုစိုက်မှာ
မဟုတ်ပါ။
BONE-LAZY SYSTEM [ Owncreation ]Where stories live. Discover now