Unicode Version
[ S/H note_I did't have free time alright.But write this
because I was very lazy stay at home. ]
စစ်ဝူလည်း အတိုက်အခိုက်ပညာရပ်ကို system space ထဲက စက်ရုပ်ဆရာနှင့်
ငါးနှစ်ကြာသင်ကြားခဲ့ရပြီးသည့်နောက်မှာ ကျွမ်းကျင်အဆင့်သို့ရောက်ရှိသွားခဲ့ပြီ
ဖြစ်သည်။
{ host ကိုနောက်ကမ္ဘာသို့စတင်ပို့ဆောင်နေပါပြီ။ ကံကောင်းပါစေ။ host. }
Space ထဲပြန်ရောက်လာတာမှ မကြာသေး၊ရုတ်ချည်းဆိုသလို နောက်ကမ္ဘာသစ်တစ်ခုဆီသို့ အပို့ခံရမှုကြောင့် စစ်ဝူခမျာ system ကို
စိတ်ထဲမှ ဆဲမိလိုက်ချေသည်။
ဆူဆူညံညံအသံတွေကြောင့် မျက်လုံးတို့ကို အသာဖွင့်ကြည့်မိတော့
ကျောင်းဝန်းကျယ်တစ်ခုရဲ့ အခန်းတစ်ခန်းအတွင်း ရောက်ရှိနေမှန်း သိလိုက်ရသည်။
* ဒီကမ္ဘာရဲ့အချက်အလက်တွေပို့ပေးတော့။ *
{ Data အချက်အလက်များလွှဲပြောင်းနေပါပြီ။ ခေါင်းတော့ကိုက်မယ်။ အဲ့တာကိုသည်းခံပေးပါ။ host.}
စစ်ဝူ ၀င်ရမည့်ဤခန္ဓာကိုယ်ပိုင်ရှင်နာမည်သည်လည်း စစ်ဝူပင်ဖြစ်ကာ ဒုတိယဇာတ်လိုက်ဖြစ်ပေ၏။
စစ်ဝူသည် ဇာတ်လိုက်ကျိုးဟန်နှင့်သူငယ်ချင်းကောင်းလည်း ဖြစ်သည်။
တစ်နေ့ ဇာတ်လိုက်မမန်မန်ကို အခန်းထဲမှ တခြားမိန်းကလေးများက ၀ိုင်းအနိုင်ကျင့်ကြသည်ကို စစ်ဝူမှ ၀င်ကူညီရာမှ မန်မန် (ဇာတ်လိုက်မ)နှင့်
ရင်းနှီးသွားခဲ့သည်။
စစ်ဝူက မန်မန်ကို ကျိုးဟန်နှင့်မိတ်ဆက်ပေးခဲ့သည်။
စစတွေ့ချင်းမှာပင် မာနကြီး သူဌေးသား ကျိုးဟန်က သူ့စည်းစိမ်၊ရုပ်ရည်အပေါ် စိတ်လှုပ်ရှားခြင်းမရှိသည့် မန်မန်အပေါ် စိတ်ဝင်စားသွားခဲ့သည်။
ထို့နောက် တရားဝင် မန်မန် (ဇာတ်လိုက်မ)ကို ပိုးပန်းတော့၏။
ပျော်ပျော်ရွှင်ရွှင်ဇာတ်သိမ်းဖြစ်သော်ငြား စစ်ဝူ (ဒုတိယဇာတ်လိုက်)အတွက်မူ
ဇာတ်သိမ်းကောင်းမဖြစ်ခဲ့ချေ။ အကြောင်းမှာ စစ်ဝူသည် ကျိုးဟန်ကို
စစတွေ့ချင်းကပင် ချစ်သွားခဲ့မိ၍ဖြစ်သည်။ သို့သော် အချစ်တို့ကို ကွယ်ဝှက်ရင်း
ချစ်ရသူ ကျိုးဟန်၏မင်္ဂလာဆောင်ပွဲသို့ အပြုံးမပျက်တက်ရောက်ခဲ့သည်။
သေဆုံးသွားသည့်တိုင် သူ့အချစ်တို့ကိုထုတ်မပြောခဲ့ချေ။
စစ်ဝူ၏ဆုတောင်းမှာလည်း ရိုးရှင်းသည်။ သူ့ညီလေး စစ်မြန့်အား သူသေသည်အထိကာကွယ်ပေးရန်နှင့် ကျိုးဟန်ကို ကူညီထောက်ပံ့ပေးရန်သာ ဖြစ်သည်။
ဒီကမ္ဘာရဲ့အချက်အလက်တွေကို သိပြီးရသည့်နောက်မှာ စစ်ဝူက ဤခန္ဓာကိုယ်
ပိုင်ရှင်ကို သနားစိတ်ဝင်မိသွားရသည်။
* ငါက ဂေးမဟုတ်ဘူးဆိုပေမဲ့ မင်းရဲ့ခံစားချက်တွေကို နားလည်တယ်။
ကောင်းပြီ။ ငါ မင်းရဲ့ဆုတောင်းတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်။ *
BONE-LAZY SYSTEM [ Owncreation ]Where stories live. Discover now