* ဖလက်။ ငါထင်တာ တကယ်မှန်နေသဟ။ ဒါဆို မူယောင်ကလည်း နဂါးဖြစ်ပါလျက်နဲ့ ဘာလို့ ကျီဖန်ကို မနိုင်ခ့ဲတာလဲ။ *
{ တူမလား။ Host ရယ်။ ကျီဖန်က နဂါးဘုရင်ရဲ့သားတော်။ မူယောင်က ဒီတိုင်း
သာမန်နဂါးလေးလေ။ }
* အေးပါကွာ။ *
" မင်းက နဉ်ကိုချစ်တာမဟုတ်ဘူးလား။ "
နဂါးကြီးကား မူယောင်ကို စိုက်ကြည့်ကာ
" ဟင့်အင်း။ ဘယ်ကနဉ်ကိုပြောတာလဲ။ ကိုယ် စိတ်မ၀င်စားဘူး။
ကိုယ်သိတာတစ်ခုတည်းက မင်းကို ပြန်ရှာတွေ့ပြီဆိုတာဘဲ။ "
* ဒီဇာတ်လိုက်က ဘာတွေပြောနေတာလဲ။ ဘရိန်းချောင်ပြီး ဦးနှောက်တစ်ခန်း
လွှတ်နေတာလား ??? *
" ဟုတ်ပါပြီ။ အခုလောလောဆယ်တော့ ငါ့ကို လွှတ်ပေးပါလား။ ဒီလို သံကြိုး
အခတ်ခံထားရတာ ငါ့အတွက် နေရတာ အဆင်မပြေလို့ပါ။ "
" မင်း ထွက်ပြေးမှာပေါ့။ "
မူယောင်လည်း စိတ်ပျက်ချင်ယောင်ဆောင်ပြီး " ငါက မင်းလက်ကလွှတ်အောင်
ထွက်ပြေးနိုင်မယ်လို့ မင်းထင်လို့လား ? "
နဂါးကြီးမှာ နောက်ဆုံး လူယောင်ပြန်ဖန်ဆင်းပြီး " ကိုယ် မထင်ပါဘူး။ "
မူယောင်က သံကြိုးအခတ်ခံထားရသည့်နေရာတွေကို လှုပ်လိုက်ပြီး
" ဒါဆို ငါ့ကို လွှတ်ပေးတော့လေ။ "
ကျီဖန်၏နှုတ်ခမ်းကား လေးညို့သဏ္႑ာန် ကွေးညွှတ်သွားကာ
" ကောင်းပြီ။ ငါလွှတ်ပေးမယ်။ ဒါပေမ့ဲ ဒီလက်ထပ်စာချုပ်မှာ
မင်း လက်မှတ်ထိုးပေးရမယ်။ "
သူ မျက်လုံးပြူ းကျယ်သွားကာ အံကြိတ်လိုက်ပြီး ဘာမှမတတ်နိုင်သလို
ဟန်ဆောင်နေလိုက်သည်။ စိတ်ထဲမှာတော့ လက်ခလယ်ထောင်နေရင်းပေါ့။
" ငါ သဘောတူတယ်။ "
ကျီဖန် လက်တစ်ဖက် ဝှေ့ရမ်းလိုက်ရုံဖြင့် သံကြိုးများ သူ့အလိုလို ပျောက်ကွယ်သွားကာ လက်ထပ်စာချုပ်ကား သူ့အရှေ့သို့ magic ဆန်ဆန်
ပေါ်ပေါက်လာသည်။
* သြော် ငါ့ဘ၀နှယ် ၊ မစ်ရှင်ထမ်းဆောင်ပါတယ်ဆိုမှ ။ ယောကျ်ားတစ်ယောက်ပါ
အပိုရလိုက်ရတယ်။ *
လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးသည့်အခါမှာ ကျီဖန်က သဘောကျသလိုဟန်
ပြုံးလိုက်သည်။
" မူယောင်။ ကိုယ်တို့ ဟန်းနီးမွန်းခရီးစဉ် ဘယ်ကိုသွားကြမလဲ ? "
မူယောင်ကား ကျီဖန်ကို ပြန်မဖြေ။ မဖြေဆို မုန့်တွေ ပလုတ်ပလောင်းစားပြီး
TV ထိုင်ကြည့်နေသည်လေ။
" ဘယ်မှမသွားချင်ဘူး။ "
ဤသို့ဖြင့် မစ်ရှင်တောင် အလိုလိုထမ်းဆောင်နှင့်ပြီးသားဖြစ်ကာ ကမ္ဘာ့အလိုလိုက်ခံရဆုံးလူသားတစ်ယောက်အဖြစ် ပျော်ပျော်ရွှင်ရွှင်ဖြင့်
သက်ဆုံးတိုင် ကျီဖန်နှင့်အတူ နေထိုင်သွားရလေသည်။
နဉ်ကိုလည်း ကျီဖန်က လမ်းခွဲစကားဆိုလိုက်သောကြောင့် ပြတ်စဲသွားလေ၏။
နဉ်ကတော့ ဘာမှမပြောဘဲ လမ်းခွဲစကားကို သဘောတူခ့ဲသည်။
နှစ်ဦးသဘောတူ လမ်းခွဲပြီးသည့်နောက် တခြားယောကျ်ားလေးနှင့် တွဲဖြစ်သွားသည်။
ကျီဖန်က မူယောင်နှင့်အတူ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်သည့်
မင်္ဂလာဆောင်ပွဲကိုလည်း တက်ရောက်ကာ ကျီမူစုံတွဲကို အားပေးစကားဆိုခ့ဲသည်။
ပြောရမည်ဆိုပါက စစ်၀ူအတွက်တော့ အတော့်ကို သက်တောင့်သက်သာရှိပေ၏။
စစ်ဝူ မသိလိုက်သည့်အကြောင်းအရာကတော့ သူတို့နှစ်ယောက်အတူသေဆုံးချိန်တွင် ကျီဖန်၏ခန္ဓာကိုယ်မှ ခဲရောင်သလင်းကျောက်စလေး ထွက်ပေါ်လာခြင်းကိုပင်။
သေဆုံးပြီးနောက် space ထဲရောက်ရှိချိန်၌ system က စစ်၀ူ၏ အမှတ်တို့ကို
ဖော်ပြပေးသည်။
player id:SW.
Mission 1. (complete)
Other tasks_15. (incomplete)
Skill_lazy.
Point_900.
အထောက်အကူပစ္စည်း_သံတုတ်တစ်ချောင်း၊ဆေးသေတ္တာတစ်ပုံး။
Skill အနေနဲ့ တိုက်ခိုက်ရေးပညာရပ်ကို သင်ယူရပါမယ်။
ကံကောင်းပါစေ။ host ဟုဆိုပြီး သင်ကြားသည့်နေရာသို့ စစ်၀ူကို တစ်ခါတည်း
တန်းလွှတ်လိုက်လေသည်။ နို့မို့ဆို မိုးမွှန်အောင် အဆဲခံရမည့်ဘေးမှ မလွတ်ကင်းနိုင်ပေ။
[ S/H note_ အားလုံးဘဲ Covid 19 ကင်းေ၀းပြီး ကျန်းမာချမ်းသာကြပါစေ။ အပြင်သွားတိုင်းmask တပ်ဖို့မမေ့ပါနဲ့။ ဖြုတ်ရင်လည်း ကြိုးကနေဘဲဖြုတ်ပါ။
လက်ကို မကြာခဏဆေးရမ့ဲအပြင် သေသေချာချာ ချောင်ကြိုချောင်ကြားမကျန်
ဆေးပါ။ hand gel ဆောင်ထားပါ။ လည်ပင်း မခြောက်သွေ့ပါစေနဲ့။
ရေကိုလည်း မကြာခဏသောက်ပေးပါ။
Arc 1 summary ကိုနောက် part တစ်ခုမှာသွားဖတ်နိုင်ပါတယ်။
တိုမှန်း သိပေမ့ဲ fic ကိုပေါ့ပေါ့ပါးပါးရေးဖို့ ကြံရွယ်ထားလို့ တစ်ပိုင်းတည်းကို
ချုံ့ရေးပစ်လိုက်တာပါ။ XD ]
ESTÁS LEYENDO
BONE-LAZY SYSTEM [ Owncreation ]
Fantasíaပ်င္းပါတယ္ဆို ဒီ system ကငါ့ကို နွိပ္စက္ေနတာဘဲ! ပျင်းပါတယ်ဆို ဒီ system ကငါ့ကို နှိပ်စက်နေတာဘဲ! *Owncreation* *Not Myanmartranslation* Start Date_21.3.2020.
![BONE-LAZY SYSTEM [ Owncreation ]](https://img.wattpad.com/cover/216366634-64-k347345.jpg)