" ငါ့ကို ဘာလို့ ဒီလိုဖမ်းထားရတာလဲ။ ကျီဖန်။ မင်း ငါ့ကို အရှက်ကွဲစေချင်နေတာလား။ "
တင်းမာသော အခြေအနေကြား စိတ္တဇဆန်စွာ ရယ်မောသံကား တိတ်ဆိတ်နေသော အခန်းကျယ်ထဲဝယ် ကြက်သီးထစဖွယ်။
" မဟုတ်ပါဘူး။ မူယောင်ရဲ့။ ကိုယ်က မင်းကို ဘယ်သူမှ မမြင်နိုင်တဲ့ ကိုယ့်ရဲ့
သီးသန့်နေရာလေးမှာ ဖမ်းဆီးထားချင်ရုံမိလေးတင်ပါ။ "
သေချာတယ် ! ဒီကောင်က တကယ့်ဆိုက်ကိုကောင်အကြီးစားဘဲ !
" မင်းက နဉ်ကို ချစ်နေတာမလား။ "
ခဲရောင်သန်းသော မျက်ဝန်းတစ်စုံသည် ပျော်ရွှင်မှုကြောင့် အရောင်တောက်လာလေ၏။
" နောက်ဆုံးတော့ မင်း ကိုယ့်ကိုသ၀န်တိုပြီလား ? မူယောင်။ "
မူယောင်ကား ထိုစကားကို မထောက်ခံလိုဟန် ခေါင်းကို သွင်သွင်ခါရမ်းကာ
" မင်းအထင်မှားနေပြီ။ ကျီဖန်။ ငါက မင်း နဉ်ကိုသစ္စာဖောက်မှာ စိုးရိမ်မိရုံပါ။
ငါ့ကို ပြန်လွှတ်ပေးသင့်ချိန် ရောက်ပြီမထင်ဘူးလား။ ကျီဖန်။ "
ကျီဖန်သည် ဒေါသအလွန်ထွက်မှုကြောင့် ခန္ဓာကိုယ်သည် မူလပုံသဏ္ဍာန်
နဂါးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
* F××k.အဲ့လောက်ကိစ္စတွေ ရှုပ်ထွေးမယ်လို့ ငါမထင်မိခဲ့ဘူး။ *
" မင်းက ဘယ်ကို သွားချင်ရတာလဲ။ မင်းရဲ့တစ်ဘ၀လုံးကို ကိုယ်ပဲ ပိုင်တယ်။ မင်းရဲ့အသက်ရှူ သံကအစ အတွေးတွေအဆုံး ကိုယ့်အပိုင်။ ဘယ်တော့မှ ကိုယ့်ကိုသစ္စာဖောက်ဖို့ မစဉ်းစားနဲ့ ၊ မကြိုးစားနဲ့။ "
* တစ်ဆိတ်လောက် ငါမေးပါရစေ။ ကျီဖန်က မူယောင်ကို ချစ်နေခဲ့တာလား ! *
{System 001: ဖုံးကွယ်ထားတဲ့အကြောင်းအရာကို
ရှာဖွေတွေ့ရှိခြင်း _ point 100 }
* ဖလက်။ ငါထင်တာ တကယ်မှန်နေသဟ။ ဒါဆို မူယောင်ကလည်း နဂါးဖြစ်ပါလျက်နဲ့ ဘာလို့ ကျီဖန်ကို မနိုင်ခဲ့တာလဲ။ *
{ တူမလား။ Host ရယ်။ ကျီဖန်က နဂါးဘုရင်ရဲ့သားတော်။ မူယောင်က ဒီတိုင်း
သာမန်နဂါးလေးလေ။ }
KAMU SEDANG MEMBACA
Fantasiပျင်းပါတယ်ဆို ဒီ system ကငါ့ကို နှိပ်စက်နေတာဘဲ! ပျင်းပါတယ်ဆို ဒီ system ကငါ့ကို နှိပ်စက်နေတာဘဲ! *Owncreation* *Not Myanmartranslation* Start Date_21.3.2020.
Arc 1
Mulai dari awal
![BONE-LAZY SYSTEM [ Owncreation ]](https://img.wattpad.com/cover/216366634-64-k347345.jpg)