{ host ရဲ့အခုဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဇာတ်အကျဉ်းချုပ်ကို
ပေးပို့နေပါပြီ။ host လုပ်ရမဲ့မစ်ရှင်က ၀င်ရောက်ရမဲ့ ခန္ဓာကိုယ်ပိုင်ရှင်တိုင်းရဲ့
နောက်ဆုံးဆုတောင်းတွေကို ဖြည့်ဆည်းပေးဖို့ပါ။ }
မှတ်ဥာဏ်တို့ တရိပ်ရိပ်တက်လာသည့်နောက်မှာ ခေါင်းကိုက်ခြင်းဒဏ်
ခံစားရသည်က နောက်ဆက်တွဲအနေဖြင့် လိုက်ပါလာလေသည်။
" မူယောင် ! " ဘေးနားက လူ စိုးရိမ်တကြီးခေါ်သံတော့ ကြားသား။
ဘယ်လိုမှ သည်းမခံနိုင်တော့သည့်နောက်ဆုံး စစ်ဝူရဲ့အမြင်အာရုံနှင့်အသိစိတ်က
အမှောင်ကမ္ဘာထဲသို့ ကျရောက်သွားရသည်။
ယခု စစ်ဝူ ၀င်ရမည့်ခန္ဓာကိုယ်ပိုင်ရှင်နာမည်မှာ မူယောင်ဟုခေါ်သည်။
ဇာတ်လိုက်ဖြစ်၍ အသက်အန္တရာယ်ဖြင့်ကြုံတိုင်း မသေ ၊ သို့သော်
သေတာထက်ပို၍ဆိုးသော ဇာတ်လိုက်ကျီဖန်၏လိုက်ဒုက္ခပေး ၊ နှိပ်စက်မှုများကို ခံရသည်။ နောက်ဆုံး မူယောင်သည် သူကိုယ်တိုင် သူ့ဖခင်ဆုံးခဲ့သော ဆေးရုံ၏အပေါ်ထပ်မှ ကိုယ်တိုင် ခုန်ချလိုက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တော့သည်။
မူယောင်၏ဆုတောင်းက ရိုးရှင်းသည်။ သူက သူ၏ဘ၀ကို ဇာတ်လိုက်၏ဒုက္ခပေးမှုတွေ မရှိဘဲ ငြိမ်းချမ်းစွာ ဖြတ်သန်းရလိုခြင်းသာ ဖြစ်သည်။
* ဆိုတော့ ငါက နောက်ဆုံးဆုတောင်း ဖြည့်ပေးရမယ်ပေါ့လေ။ *
{ ဟုတ်ပါတယ်။ ပြီးတော့ ဒီကမ္ဘာက အတုအယောင်ကမ္ဘာမဟုတ်တဲ့အပြင်
ဇာတ်ကောင်တွေက တကယ်အသက်ရှိတာမို့လို့ လေးလေးစားစား မစ်ရှင်ထမ်းဆောင်ပါ။ host. }
* ကောင်းပြီ။ ငါလည်း ပျင်းနေတာနဲ့တော့ အတော်ဘဲပေါ့။ *
[ S/H note_အခုကစပြီး စစ်ဝူကို သူ့နာမည်အရင်းအစားသူ ၀င်ရမဲ့
ကာရိုက်တာတွေရဲ့ နာမည်ကိုပဲ သုံးသွားတော့မှာပါ။ ]
" မူယောင် ! မင်း နိုးပြီပေါ့။ "
အသိစိတ်ပြန်ဝင်လာချင်းမှာဘဲ ဇာတ်လိုက်ကျီဖန်ကို ဆဲချင်မိသွားသည်။
ဒီကောင်က ဆိုက်ကိုလားဟ။ လူကို လှုပ်မရအောင် သံကြိုးတွေ ခတ်ထားတာ။
YOU ARE READING
Fantasyပျင်းပါတယ်ဆို ဒီ system ကငါ့ကို နှိပ်စက်နေတာဘဲ! ပျင်းပါတယ်ဆို ဒီ system ကငါ့ကို နှိပ်စက်နေတာဘဲ! *Owncreation* *Not Myanmartranslation* Start Date_21.3.2020.
Arc 1
Start from the beginning
![BONE-LAZY SYSTEM [ Owncreation ]](https://img.wattpad.com/cover/216366634-64-k347345.jpg)