“သတ်ဖြတ်ခြင်း အငွေ့အသက်တွေ”

“အိုး”

ရီယွမ်က သတိကြီးကြီးထားလိုက်သည်။ တံခါးအနောက်တွင် ကြောက်မက်ဖွယ်ရာ တစ်ခုခု တည်ရှိနေသလိုမျိုး ….

“ဒီလူကြီးဖွင့်လိုက်တဲ့ တံခါးကြီးက ဘာလဲ”

“ကလေး … မင်းအဲဒီမှာပဲ ရပ်နေတော့မှာလား … အထဲမဝင်ရဲဘူးလား” … အဘိုးကြီးက ဘာသိဘာသာပင် လှမ်းမေးလိုက်သည်။

ရီယွမ်က အံ့သြသင့်သွားပြီး  “စီနီယာ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ” … ထိုအဘိုးကြီးက ညစ်ကျယ်ကျယ်လေး ရယ်မောလိုက်ပြီးနောက် … “ဒီနေရာက ရှေးဟောင်း အုတ်ဂူတစ်ခုပဲ”

“အုတ်ဂူ” … ရီယွမ် အံ့သြသွားသည်။ “သချို င်္င်းမြေလား .. တိုင်အီနိုင်ငံက ဘိုးဘေးတွေကို မြုပ်နှံထားတဲ့နေရာလား”

“မင်းက မေးခွန်းတွေ အတော်များတာပဲ …. ထိုအဘိုးကြီးက လုံးဝ စိတ်မရှည်နိုင်သည့်ဟန်ဖြင့် သူ၏ လက်ကို အသာ ဝှေ့ယမ်းလိုက်သည်။ အင်း …. မင်းကို ပြောပြလို့လဲ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူးလေ … ဘာဖြစ်လို့ ဒီနေရာမှာ ဆောက်ထားရသလဲဆိုတာ မင်းသိလား …”

ထိုအဘိုးကြိးက ရီယွမ်၏ မေးခွန်းကို နောက်ထပ်မေးခွန်းတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ ရီယွမ်ကတော့ အမျိုးမျိုး စဉ်းစားနေလိုက်သည်။ “ဒီအုတ်ဂူကို ဒီမှာဆောက်ထားတာက ကောင်းကင်မြေကြီး ယွမ်ချီတွေ များတဲ့အတွက်ကြောင့်လား ၊ အဲဒါကြောင့်ပဲ တိုင်အီ နီုင်ငံက လက်ရွေးစင်တွေကို ဒီနေရာမှာ ပေးလေ့ကျင့်ခိုင်းတာလား”

သို့သော် အဘိုးကြီး၏ စကားအသွားအလာများအရ ထိုကဲ့သို့ မဖြစ်နိုင်ပေ။

ရီယွမ်က သူ၏ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ “ကျွန်တော် မသိဘူး”

လူအိုကြီးက သူဖွင့်ထားသော ကြေးနီတံခါးကို အသာအယာ ဆွဲဖွင့်လိုက်ရင်း “ဒီနေရာမှာ ဘာဖြစ်လို့ဆောက်ထားတာ မဟုတ်ဘူး .. တိုင်အီမြို့တော် မတိုင်မှီကတည်းက နှစ်သန်းပေါင်းများစွာကတည်းက ဒီနေရာက ရှိနှင့်ခဲ့တာ”

အဘိုးကြီး၏ စကားက ရီယွမ်ကို ပိုပြီးတော့တောင် အံ့သြသင့်သွားစေသည်။ “ဒီအုတ်ဂူဟောင်းက တိုင်အီမြို့တော် မတိုင်ခင်ကတည်းက ရှိနှင့်နေခဲ့တာလား …”

True Martial World (BOOK 15-16) Where stories live. Discover now