Memory-3

9.4K 949 8
                                    

ငရဲလမ်းနဲ့ နတ်ပြည်
အလင်းနဲ့အမှောင်
အကောင်းနဲ့အဆိုး
အမှန်နဲ့အမှား
အဖြူနဲ့အမည်း
ဘယ်ဟာကအဖြူ ဘယ်ကအမည်းလဲ
ဘယ်ဟာအကောင်း ဘယ်ဟာကအဆိုးလဲ

စိတ်နှလုံးကသာအဓိကမဟုတ်ပါလား

ငရဲ ပြည်ရဲ့ ဆူးခင်းလမ်းမထက်......ခြေဖဝါးနုနုမှာ သွေးတို့ဖြင့် စီးဆင်းလျက်....

ထို့အပြင် သူ့မှာ နှင်းတောင်မှာလဲ စွမ်းအားများစွာ ဆုံးရှုံးခဲ့ရသေးသည်မို့ အခြေအနေကမဟန်.....။

"ကျေးဇူးပြုပြီး.....နှင်းတောင်အရှင်မ ကျနော့်ရဲ့ အရှင်သခင်ကိုကယ်ဖို့ နှင်းကြာပန်းတစ်ပွင့်လောက် စွန့်ကျဲပါ.."

အေးစက် နေတဲ့ နှင်းတွေကြား ဒူးထောက်နေတဲ့ ထိုကောင်လေးရဲ့ ဒူး အောက်ခြေမှာလဲ သွေးတို့ကနီစွေးနေလျက်.....

ထိုအရာက ဘယ်လောက်အေးပြီး ဘယ်လောက် ကြာကြာ ဒူးထောက်နေခဲ့ပြီဆိုတာ ဖော်ပြနေသလိုပင်........

"မင်းသိသလား နှင်းကြာပန်းက နှစ်တစ်ရာမှ တစ်ပွင့် ပဲပွင့်တာ...တကယ်လို့ မင်းသာ ယူသွားခဲ့ရင်....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ. "

"ကျနော် အဲ့ဒီနှင်းကြာပန်းက အရှင်ဇီအိုကိုကယ်တင်ဖို့ပါ...အရှင်မလဲသိတဲ့အတိုင်း တကယ်လို့အရှင်ဇီအိုသာ မနိုးထရင် သုံးလောကမှာ အရှုပ်အထွေးတွေများစွာဖြစ်ပေါ်လာမှာပါ..."

"ဟင်!!!အရှင်ဇီအိုကိ​ုကယ်ဖို့လား..."

"မှန်ပါတယ်အရှင်မ...."

"ဒါ....ဒါဆို မင်းက အရှင်ဇီအို နှစ်သက်နေတဲ့ကောင်လေးပေါ့..."

flameရဲ့နားထဲမှာ အရှင်ဇီအိုနှစ်သက်နေတဲ့ ကောင်လေးကိုသာ ကြားယောင်နေတာမို့

'ဒါ...ဒါဆို အရှင်ကလဲ သူ့ကို ချစ်မြတ်နိုးနေသလား......တန်ပါပြီအရှင် အရှင့်ရဲ့စိတ်သဘောထားကိုသိရုံနဲ့ ကျနော်ရင်းရကျိုးတန်ပါ.ပြီ'

"ဟုတ်ပြီလေ...မင်းက အရှင်ဇီအိုအတွက်ဆိုတော့လဲ ငါပေးလိုက်ပါ့မယ်...ဒါပေမဲ့ သူ့ကို ကယ်ဖို့ နောက်တစ်မျိုးလိုသေးတာမင်းသိသလား"

"ကျနော် သိပါတယ်.."

"ဒါဆို အဲ့ဒါကိုရဖို့ ဘယ်လောက်ခက်ခဲလဲ မင်းသိမှာပဲ.....မင်းအဲ့ဒီအတွက်အဆင်သင့်ဖြစ်ပြီလား..."

System013(Complete) Where stories live. Discover now