ရှင်းလီ-3

12.6K 1.3K 16
                                    

"မင်းထွက်​လာသင့်​ပြီ"

သူ့​ရှေ့ကျလာတဲ့ သူတစ်​​ယောက်​...

"သခင်​​လေး...."

ထိုသူဟာ ရှင်းလီရဲ့​ရှေ့မှာ ဒူး​ထောက်​ချကာ အရိုအ​သေ​ပေး​နေသည်

"ဟွန့်​ လိုက်​ရတာပင်​ပန်း​နေမှာ​ပေါ့"

သူသိတာ​ပေါ့ သူလဲသိုင်းပညာက နဲနဲတတ်​တယ်​​လေ...

သူ့မှတ်​ဥာဏ်​​တွေထဲပြန်​ရှာကြည့်​​တော့ သူ့ရဲ့ ငယ်​ငယ်​ထဲက ကစား​ဖော်​ ကိုယ်​ရံ​တော်​လဲဖြစ်​တဲ့ ဝမ်​...

ဒီလူသူ့​နောက်​သို့အရိပ်​သဖွယ်​ လိုက်​​နေတာ ကြာ​ပေါ့

သူထွက်​​ပြေးတာ​တောင်​​တွေ့​အောင်​ရှာနိုင်​တယ်

သူရဲ့ကျုးရှားကျစ်​ကိုဖုံးပြီး ပုံစံ​ပြောင်းထား​တာ​တောင်​ ​တွေ့ဖြစ်​​အောင်​​တွေ့​သေး.....

"သခင်​​လေးကို​စောင့်​​ရှောက်​ရမှာ ကျ​နော့်​တာဝန်​ပါ"

"​ကောင်းပြီ​လေ ...ဒါဆိုလဲငါ့ကို​ကောမှန်းမသိ​စေနဲ့​ပေါ့"

"ဟုတ်​ကဲ့သခင်​​လေး"

.
.
.
ရက်​အနဲငယ်​ကြာပြီး​နောက်​........

ထျာန်းအိမ်​​တော်​မှာ သမား​တော်​​လေးရှင်းလီအားမ​တွေ့​သော​ကြောင့်​ ထျာန်းချန်းခင်​​ဗျာ့ ပြာယာခတ်​သွား​လေသည်​။

"မင်းအ​နေနဲ့သက်​သာပြီလို့ငါထင်​တယ်​...ဒါ​ကြောင့်​ငါသွားပြီbye"

ထျာန်​ချန်းလက်​ထဲက စာတို​လေးအားဆုပ်​​ချေပစ်​ကာ

"မင်းကိုယ့်​ဆီက​နေ ဒီလို မ​ပြောမဆိုပဲစာတစ်​​စောင်​ပဲထားသွားလို့ရမလား"

.
.
.
.
"ဟူးးးး ရာသီဥတုကပူလိုက်​တာ.....ခရီး​တွေထွက်​နယ်​လှည့်​ရတာလဲမဆိုးပါဘူး​လေ....."

ရှင်းလီရဲ့ ​နေ့ရက်​တို့ကအပူအပင်​မရှိသလိုပင်​...
အားတဲ့အချိန်​​လေး Systemနဲ့ရန်​ဖြစ်​မယ်
ပြီးရင်​ဘယ်​​ရောက်​​နေမှန်းမသိတဲ့သူ့ချစ်​သူကိုလွမ်းမယ်​......

System013(Complete) Where stories live. Discover now