17(Final)

11K 749 242
                                    

(Unicode)

"Daddy ထတော့ Daddyထတော့လို့"

ယခုကား Park Jiminဟာဆိုရင်ဖြင့် Yoongi၏ခန္ဓာကိုယ်ကို အပေါ်မှတက်ခွထားကာ တခစ်ခစ်နှင့်ရယ်ရင်း ပါးကိုဆွဲစိတ်လိုက် နှာခေါင်းကို ညစ်လိုက်ဖြင့်

ခေါ်နှိုးလို့မရတော့ တက်ခွရုံမက သူ့တကိုယ်လုံးကို Yoongiရင်ဘတ်ပေါ်မှောက်ပြီးအိပ်ချလိုက်တော့ Yoongiခမျာ အသံထွက်လာလေပြီး

ဘယ့်နှယ့် တနေ့တနေ့ တွေ့သမျှအကုန်စားပြီး သူ့ခန္ဓာကိုယ်နဲ့ ကိုယ့်အပေါ်တက်ဖိရတယ်လို့

"ဟာကလေး ဘယ်လိုဖြစ်တာလည်းကွာ "

Yoongiရင်ဘတ်ပေါ်က ဝက်ပေါက်Jiminမှာတော့ အကျင့်ယုတ်စွာဖြင့် မကြားချင်ယောင်ဆောင်ကာ ဆက်အိပ်နေဆဲ

ဘယ်လောက်တောင်စားမှန်းမသိ တနေ့တနေ့ ဒီကလေးကိုယ်အလေးချိန်က
ပိုများလာသလားလို့

"ကလေးလေးရယ် ကိုယ်မခံနိုင်တော့ဘူးကွာ ကိုယ့်အပေါ်ကဆင်းဦး"

ထိုအခါမှ ငေါက်ခနဲကိုယ်ပေါ်ကဆင်းပြီး ထထိုင်ကာ

"ခံပေါ့ သူများနှိုးတုန်းကမထဘဲနဲ့များ နည်းတောင်နည်းသေးbla bla"

လျှာလေးထုတ်ကာပြောရင်း ကုတင်ပေါ်ကနှင့်ဖင်လုံးလုံးလေးနှင့် ပြေးဆင်းသွားသော Min Jiminရယ်ပါ။

ဒီကလေးကိုအပိုင်ယူခဲ့မှတော့လည်း သူဆိုးသမျှခံရမှပေါ့
အချိန်ကတစ်နှစ်တောင် ကြာခဲ့ပြီး
ဒီတစ်နှစ်အတွင်း Park Jimin ကနေ Min Jiminဖြစ်အောင် သိမ်းယူခဲ့ပြီးပြီးဘဲ။

မဂ်လာဦးညတုန်းကဆို ကြည်နူးရမလားမှတ်ပါတယ်။ အမေနဲ့အဖေကိုလွမ်းပါတယ်ဆိုပြီး တညလုံးငိုငိုယိုယိုဖြစ်နေလို့ မနည်းချော့ယူလိုက်ရသေးတယ်။ ဘယ်လိုကလေးလေးပါလိမ့် တကယ့်ကို ကလေးစိတ်မကုန်သေးဘူးဘဲ။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်ချစ်ပါတယ်လေ။

........................................

မနက်စာဝိုင်းမှာ အစားသေချာမစားဘဲ တစ်ခုခုကိုတွေးနေတဲ့Jiminကြောင့် Yoongiစိတ်ထဲတစ်မျိုးဖြစ်လာ၏။

"ကလေး ဘာဖြစ်လို့လည်း စားမကောင်းဘူးလား ဖျားနေတာလား ဒါမှမဟုတ် ကိုယ့်ကိုတစ်ခုခုစိတ်ဆိုးနေတာလား? !??"

Daddy Min[M.Y.G×P.J.M]✔Where stories live. Discover now