အပိုင်း ၇

Beginne am Anfang
                                    

နေပူရှိန်အောက်တွင် တစ်နေကုန် အချိန်ကုန်သွားသည်ကိုပင် မြန်လွန်းလှသလို ခံစားရသည်။ ပင်ပန်းတာကတော့ အမှန်။ အင်းတော်ကြီးသူ မိရွှေဖြူကတော့ အပြန်လမ်းတွင်လည်း နှစ်ယောက်လှော်နေသော လှေငယ်ကို အမီလိုက်နိုင်အောင် လှော်ခတ်နိုင်သည်။

"ဥပန်းငှက်တွေ ကျက်စားတာ မြောက်ပိုင်းနော် ဖြူဖြူ"

"ဟုတ်တယ် ဒဲရစ်ခ်... အင်းတော်ချောင်းနားက မြက်ခင်းပြင်တွေမှာ"

ဖြူသည် အင်္ဂလိပ်လိုအကျွမ်းကျင်ကြီးမဟုတ်သော်လည်း နားလည်အောင် ပြောတတ်သည်။ သိပ္ပံပညာရပ်ဆိုင်ရာ အချို့စကားလုံးများကိုတော့ ဆောင်းကိုက ဘာသာပြန်ပေးရသည်။ ယနေ့ နှင်းဖြူရိပ်သည် တစ်လမ်းလုံး စကားများနေသည်။ မေးခွန်းတွေလည်း မဆုံးနိုင်။

"လက်ပတ်လေးက ဘယ်ကလဲ"

"ဒီဟာကို ပြောတာလား"

လက်တစ်ဖက်မြှောက်ပြသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရပြီး ဖြူထံမှ "ဟုတ်တယ်၊ ဘယ်သူပေးတာလဲ" ဆိုသည့်မေးခွန်းကိုပါ နောက်ထပ် ကြားရသည်။ ငွေလက်ပတ်လေးသည် အဆန်းတကြယ် မဟုတ်ပါ။ သို့သော် ရွှေအိုရောင်ဆံပင်များပိုင်ရှင်သည် အမြတ်တနိုး အမြဲ၀တ်ထားတတ်သည်။ စကားပြောသည့်အခါများလျှင် ထိုလက်ပတ်ကြိုးကို မသိမသာ ထိကိုင် ပတ်ချာလှည့်ရင်း ပြောတတ်သည့် အချိန်များရှိသည်။

"အဘိုးလက်ဆောင်ပေးထားတာ"

"မသိပါဘူး၊ ရည်းစားက ပေးထားတာလားလို့"

"ဒါ ဖြူဖြူ ကိုယ့်အကြောင်း စပ်စုတာ"

ဖြူက လှော်တက်ကို ရှေ့မှာချသည်။ နေပူခံနိုင်အောင် ခေါင်းတွင်ခြုံပြီး လည်ပင်းအောက် သိုင်းစည်းထားသော ခေါင်းစည်းကို ပြင်ချည်ရင်း ရယ်မောသည်။

"စပ်စုရမှာပေါ့၊ ခွန်းနောင်နဲ့ ဖြူနဲ့ လောင်းကြေးထပ်ထားတယ်"

"ဘုရားရေ.. ဥက္ကဌကြီးကပါ သိချင်နေပြီပေါ့"

Oh.. God ဆိုသည့် အာမေဋိတ်သံကြောင့် သူရော ဖြူပါ မရယ်ဘဲ မနေနိုင်။

"ရှင့်ကောင်မလေး ဘယ်တော့လိုက်လာမလဲ စောင့်နေကြတာ"

"ဘာလဲ၊ ဧည့်သည်တိုးစေချင်လို့လား"

တောင်တောရယ်သာWo Geschichten leben. Entdecke jetzt