အပိုင်း ၅

Start from the beginning
                                    

"ဆောင်း.."

မိမိအမည်ကို အဆုံးသတ်တွင် ခပ်ရှည်ရှည်လေသံဆွဲနှင့် ခေါ်တတ်သူ။ အနားသို့လျှောက်သွားပြီး လက်ညှိုးညွှန်ရာကို ကြည့်လိုက်တော့ ကားဘီးရာများကို မြင်ရသည်။ ရေစီးကြောင်းဖြစ်နေသော်လည်း ချိုင့်ခွက်နေသည့် ကားဘီးရာများသည် ရွှံ့မြေပြင်မှာ မှားစရာမရှိ။ ထူးခြားခွင့်ပြုချက်များမှလွဲပြီး ၀င်ခွင့်မရှိသည့် အမာခံထိန်းသိမ်းရေးနယ်မြေတောရှိရာ ဖြစ်သောကြောင့် သစ်ခိုးထုတ်သူများ၏ သစ်တင်ကားဘီးရာများသာ။

"ကားဘီရာကို သေချာကြည့်တတ်ရင် ဖြတ်သွားတာ ဘယ်နှစ်ရက်လောက်ရှိပြီလဲ၊ ဘယ်လိုအရွယ်အစား ကားမျိုးလဲဆိုတာကအစ သိနိုင်တယ်၊ အခုနေရာက လမ်းနဲ့နီးတယ်၊ အကွေ့အကောက်များတော့ လူမြင်သူမြင် သိပ်မရှိဘူး"

ကားဘီးရာနားတွင် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဆိုသည့် ဆိုင်းဘုတ်နှင့် သစ်ခုတ်ခွင့်မရှိကြောင်း၊ တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ခွင့်မရှိကြောင်း အသိပေးဆိုင်းဘုတ်ကြီး တပ်ဆင်ထားသည်။ သို့သော် ဆွဲဖြဲခံထားရသောဆိုင်းဘုတ်သည် အပိုင်းအစအချို့သာ ကျန်တော့သည်။ ကွာကျနေသော ဆိုင်းဘုတ်စက္ကူကိုလှမ်းကြည့်ရင်း ရင်နာရပြန်သည်။ ဒီတော၊ ဒီတောင်ကို ကာကွယ်ဖို့ကြိုးစားနေသူများကို ပြက်ရယ်ပြုလှောင်ရယ်နေသည့်အလား။

လမ်းပြကောင်လေးသည် အနားရောက်လာပြီး ကားဘီးရာကြီးကို ငုံ့ကြည့်သည်။

"တောနက်ထဲရောက်ရင် ခုတ်ထားတာတွေ အစ်ကို တွေ့လိမ့်မယ်"

"အမာခံနယ်ထဲထိတောင် ၀င်ခုတ်နေပြီလားကွာ"

ရှားပါးတိရစ္ဆာန်များ မှီခိုနေထိုင်ရာ အမာခံနယ်မြေသစ်တောဖြစ်သောကြောင့် မချင့်မရဲရေရွတ်မိခြင်းပင်။ ကြားခံနယ်မြေသစ်တောတွင် ဘေးမဲ့တောစည်းကမ်းများနှင့်အညီ ခုတ်ယူခွင့်ရှိသော်လည်း စီးပွားဖြစ်ထုတ်ချင်သူများက ယခုနေရာကို မျက်စိကျနေသည်မှာ မထူးဆန်းနိုင်။

"အဖေတို့ငယ်ငယ်တုန်းက ဒီတောတွေမှာ မျောက်တွေ၊ သင်းခွေချပ်တွေ သိပ်ပေါတာဗျ၊ တရုတ်ကို ရောင်းစားကြတာဗျာ၊ သူတို့က တောရိုင်းတိရစ္ဆာန်အသားဆို ကြိုက်ကြတော့ စျေးကြီးပေး၀ယ်တာကိုး၊ ဒီဖက်က အကောင်တွေ ကုန်တာပေါ့"

တောင်တောရယ်သာWhere stories live. Discover now