" ဟုတ် ...ကျွန်တော် သူ့ကို ခုလို ထပ်မဖြစ်အောင် တကယ် ဂရုစိုက်မှာပါ..."

" အင်း...ယုံလိုက်မယ်...။ စစ်ဆေးချက် ရလဒ်တွေအရ...လူနာက သူ့ကျန်းမာရေးကို တော်တော်လေး ဂရုစိုက်ပုံရတယ်...။ ဆေးလည်း မှန်မှန်သောက်တဲ့ပုံပဲ...။ သူ့ရောဂါမျိုးက စိတ်ညစ်စရာတွေ သိပ်ဖြစ်လို့ မရဘူးဆိုတာ နားလည်ပြီးသားပါနော်.."

" ဟုတ်...။ ဒါနဲ့ ကျွန်တော် မေးချင်တာရှိလို့...သူ့ရောဂါက နှလုံးအစားထိုးကုလို့မရဘူးဆို..."

" အင်း...မွေးရာပါ နှလုံးရောဂါသည်တွေကို ဒီလိုမျိုး လုပ်တာမရှိဖူးသေးဘူး...။ လုပ်လို့မရတာတော့ မဟုတ်ဘူး..လုပ်လို့ရတယ်...ဒါ‌ပေမယ့် အောင်မြင်နိုင်ချေ %က အရမ်းနည်းတယ်...။ ဒါမျိုးက တတ်နိုင်သလောက် တစ်သက်လုံး ဆေးနဲ့ ရသလောက်ထိန်းသွားရမှာပဲ...။ သိပ်လည်း စိတ်မပူပါနဲ့ လူနာကို ကြည့်ရတာ စိတ်မာပုံပါ...Dr.Wang လို တော်တဲ့ ဆရာဝန် အနားမှာ ရှိနေပြီးမှ...ခုလိုမျိုးဖြစ်တာမျိုးသာ မဖြစ်သင့်တာ...."

" တောင်းပန်ပါတယ်အပြင် ပြောစရာမရှိတော့ပါဘူးဗျာ..."

" ဟက်..ဟုတ်ပါပြီ...။ တောင်းပန်တာက ဆရာ့ကို ပြောရမှာ မဟုတ်ဘူး...သူ့ကို ပြောရမယ့်ပုံပဲ...လူနာကိုသာ သေချာဂရုစိုက်ပေတော့..."


___

ကျွန်တော် အခန်းထဲ ပြန်ဝင်လာတော့ Lan Yangက ကောကို စကားတွေပြောနေပုံပင်...။ ကျွန်တော် မမကိစ္စတွေ သိလိုက်ရတာရော သူသတိရလာတော့မှ စိတ်ကို လျှော့လိုက်နိုင်တာကြောင့်‌ရောလားမသိ...အခန်းထဲ ဝင်ဝင်ချင်းကို ခွေကျသွားတာ...

" ဟာ...Yibo... Yibo..."

" Dr. သူ ဘာဖြစ်သွားတာလဲ..." ကျွန်တော် ရုတ်တရက် ထလိုက်မိတော့ ရင်ဘတ်က ဆစ်ကနဲ...

" Zhan Ge..မထနဲ့ဦး...ခင်ဗျား နှလုံးက stable မဖြစ်သေးဘူး..။ ဖြည်းဖြည်းချင်း ပြန်လှဲနေလိုက်နော်...ကျွန်တော့်သူငယ်ချင်းက အားနည်းပြီး မူးလဲသွားတာနေမယ်..."

ကျွန်တော် လုံးဝ သတိလစ်သွားတာမျိုးမဟုတ်ဘဲ...ခေါင်းထဲရိပ်ခနဲ ဖြစ်သွားရုံမို့...သူတို့နှစ်ယောက်ပြောနေတာတွေ ကြားနေရသည်..။ Lan Yang ကျွန်တော့်ကို ပွေ့လိုက်ပြီး..ဘေးက ကုတင်ပေါ် ချပေးလိုက်တယ်...

Imperfection (Season 1) [Completed]Where stories live. Discover now