ရီယွမ်၏ အားသာချက်ကရော ဘာများပါလိမ့်။ ချင်ဟိုတန်ကို အနိုင်ယူရန်အတွက် သူဘာလုပ်ရမည်နည်း။ ရီယွမ်က ယခုမှ အဆင့်တစ်ဆင့်သာ ကျင့်ကြံရသေးသည်။

သူ၏ တိုက်ပွဲဝင်စွမ်းရည်က ဘာဆိုဘာမှ မရှိသေးမှန်း ရီယွမ်က နားလည်လိုက်သည်။ တိုင်အီဝိညာဉ်ကျင့်စဉ်အပြင် တဒင်္ဂသိမ်မွေ့နက်ရှိုင်းခြင်းမှလွဲပြီး သူ့တွင် တခြားအားသာချက်မရှိပေ။

ရီယွမ်က ရည်ရွယ်ချက် ကြီးမားသည်။ အခြားသူများသာ ဒဏ္ဍာရီလာ ကျင့်စဉ်တစ်ခုဖြစ်သော တိုင်အီဝိညာဉ်ကျင့်စဉ်ကို အချိန်တိုအတွင်း လေ့ကျင့်အောင်မြင်သွားပါက အလွန်ဝမ်းသာ ပျော်ရွှင်သွားပေလိမ့်မည်။ သို့သော် ရီယွမ်ကတော့ လုံးဝ မလုံလောက်သေးဘူးဟုပဲ ထင်သည်။ သူ၏ ပြိုင်ဘက်ကို ဘက်ပေါင်းစုံမှ အသာစီးဖြင့် သူဖိအားပေးထားချင်သည်။ သူ့တွင် မည်သည့်အားနည်းချက်မှမရှိပဲ သူအနီုင်ယူချင်သည်။

ဥပမာ ... ဓါးမော့ သိုင်း လိုမျိုး ...

ကောင်းကင်နက်နဲခြင်း ဓါးကိုးစင်းကဲ့သို့သော သိုင်းပညာသည်ပင် တကယ့်ထိပ်တန်း ပါရမီရှင်များ၏ ရှေ့မှောက်တွင်တော့ ဘာမှ မဟုတ်ပေ။ ထိုသို့တွေးလိုက်ပြီးသည်နှင့် ရီယွမ်က တခြားတစ်ဖက်သို့ ဦးတည်ဖက် ပြောင်းလိုက်သည်။ ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးသည့်နောက်တွင်တော့ လမ်းကြားထဲရှိ နေရာတစ်ခုထဲတွင် သူရပ်တန့်လိုက်သည်။

ထိုဝင်ပေါက်ပေါ်တွင် ချိတ်ဆွဲထားသော သုံးမီတာခန့်ရှည်သည့် သတ္တုပြားပေါ်တွင် ရေးထွင်းထားသော ဓါးနန်းတော်ဆိုသည့် စကားလုံးကြီးကို ခန့် ငြားထည်ဝါစွာ တွေ့လိုက်ရသည်။

ထိုစကားလုံးများကို ထက်မြအားကောင်းစွာ ရေးထိုးထားပြီး ကြီးမားသော အရှိန်အဝါများ ပါဝင်နေသည်။ တစ်ချက်လှမ်းကြည့်လိုက်ရုံနှင့် ဆရာသခင်တစ်ယောက် ရေးထိုးထားမှန်း သိသာပေသည်။

ရီယွမ်က ဓါးနန်းတော်အကြောင်း ကြားဖူးထားခဲ့သည်မှာ ကြာပြီ ဖြစ်၏။ သူသည်လည်းပဲ တစ်ခါလောက် အလည်အပတ် လာခဲ့ချင်နေသည်။ ထိုနေရာက လက်နှက်ကိုအဓိကထား အားပြု ကိုင်စွဲသည့် သိုင်းသမားများအတွက် စွမ်းဆောင်ရည်ကို အလျှင်အမြန် တိုးတက်စေသည်ကတော့ အမှန်ပင် ဖြစ်သည်။

True Martial World (BOOK 15-16) Where stories live. Discover now